အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Thursday, 18 December 2014

ခုနှစ်နေ့ ဗုဒ္ဓဝင်





မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ပိုင်ရှအဖြစ်ကို အလိုလိုရရှိလာသည်မဟုတ်ပါ။ ဘရားဖြစ်လိုသူတိုင်း အပြည့်အဝပြည့်စုံထားရမည့် ပါရမီ (၁၀) ပါးခေါ် အရည်အချင်း (၁၀) ပါး ကို ဒီပင်္ကရာဘုရားရှင်၏ လက်ထက်တော်မှစ၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ကျင့်တော်မူခဲ့ရပါသည်။

ပါရမီ (၁၀) ပါး ဆိုသည်မှာ

၁။ စွန့်ကြဲပေးကမ်းလှူဒါန်းမှု (ဒါနပါရမီ)

၂။ ကိုယ် - နှုတ် နှစ်ပါးစောင့်ထိမ်းမှု (သီလပါရမီ)

၃။ လေကီစည်းစိမ်များကို မတွယ်တာပဲတောထွက်မှု (နေက္ခမပါရမီ)

၎။ ပညာဆည်းပူး ဖြန့်ဝေမှု (ပညာပါရမီ)

၅။ မတွန့်မဆုတ် အားထုတ်မှု (ဝီရိယပါရမီ)

၆။ သည်ခံ ခွင့်လွှတ်မှု (ခန္တီပါရမီ)

၇။ မှန်ကန်စွာပြောဆိုမှု (သစ္စာပါရမီ)

၈။ ရည်မှန်းချက်၊ ဆုံးဖြတ်ချက် ခိုင်မာမှု (အဓိဋ္ဌာန ပါရမီ)

၉။ သတ္တဝါများအပေါ် ကောင်းကျိုးလိုလားချစ်ခင်မှု (မေတ္တာပါရမီ)

၁၀။ မုန်းချစ်မပြု ဘက်မလိုက်ရှုမြင်မှု (ဥမေက္ခာပါရမီ)

Wednesday, 17 December 2014

ပညာဂုဏ်ရောင် ကျောင်းဆောင်အတွက် ကျပ်(၁၀)သိန်း အလှူရှင်


ထန်းငယ်တော ဘကကျောင်း

ပညာဂုဏ်ရောင် ကျောင်းဆောင်အတွက်ကျပ်(၁၀)သိန်း အလှူရှင်

နွားထိုးကြီးမြို့ အမှတ်(၁)ရပ်ကွက်နေ ဦးတင်လှိုင်+ ဒေါ်ခင်မြ မိသားစုတို့က

ထန်းငယ်တော ဆရာတော်ထံ နဝကမ္မအလှူငွေ( ၁၀) သိန်း လှူဒါန်းခဲ့သည်။

15.10.14




အလှူရှင်မိသားစု ဘယာဝေးလို့ ရတနာသူဋ္ဌေးကြီးများဖြစ်ကြပါစေ...

ပညာဂုဏ်ရောင် စာသင်ကျောင်းဆောင်အတွက် ကျပ်၂ သိန်း အလှူရှင်

နွားထိုးကြီးမြို့ အမှတ် (၁) ရပ်ကွက်နေ
ဦးနေထွန်း+ဒေါ်ခင်သက်မူ မိသားစုတို့က
ပညာဂုဏ်ရောင်စာသင်ကျောင်းဆောင်အတွက်
ထန်းငယ်တောဆရာတော်ထံ ငွေကျပ်(၂)သိန်း လှူဒါန်းခဲ့သည်။
မိသားစုအားလုံး ကျောင်းလှူရခြင်းကြောင့် လိုတရသူများ ဖြစ်ကြပါစေ။


ယာနဒါန ချမ်းသာအလှူတော်

နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်နေ ဆရာမကြီး ဒေါ်ကြင်လှိုင်
ပြင်ဦးလွင်မြို့နေ သား ဦးကိုကိုကြီး + ဒေါ်မြဝင်း ၊ကိုညီညီထွန်း၊ သမီး မနီ (ခ) မခိုင်ခိုင်ဝင်း
ဗိုလ်ကြီး ကျော်လင်းထွန်း ရန်ကုန် မိသားစုတို့က
ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ခရီးသွား လွယ်ကူချောမွေ့ အဆင်ပြေစေရန် ကားတစ်စီး လှူဒါန်းခဲ့ပါသည်။
ထန်းငယ်တောဆရာတော်က မေမြို့အိမ်သို့ ကြွရောက်ပြီး ရေစက်ချ အနုမောဒနာတရား ဟောကြားပေးခဲ့ပါသည်။
ဆရာမကြီးတို့အိမ်မှာ ထပ်မံ ရေစက်ချ အမျှပေးဝေဦးမည် ဖြစ်သည်။

ယာနဒေါ သုခဒေါ ဟောတိ။
ယာဉ်လှူဒါန်းခြင်းသည် ချမ်းသာကို ပေးလှူရာ ရောက်၏။

အလှူရှင်မိသားစုများ စီးပွားဥစ္စာ လွယ်ကူစွာ ရှာဖွေ အဆင်ပြေကြပြီး ဒီထက်မက ချမ်းသာကြပါစေ။
27.11.14


ယာဉ်အလှူရှင်မိသားစုများ
ယာဉ်အလှူရှင်မိသားစုများ

ယာဉ်အလှူရှင်မိသားစုများ

ပညာဂုဏ်ရောင် စာသင်ကျောင်းဆောင်ပြီးစီမှု

ပညာဂုဏ်ရောင် စာသင်ကျောင်းဆောင် တည်ဆောက်ပြီးစီးမှု အနေအထား ဒိုင်း အမိုး ကျန်သေးပါသည်။

December 2 ရက်နေ့က ပညာဂုဏ်ရောင် စာသင်ကျောင်းအပေါ်ပိုင်း ကျောက်သွေးလောင်းပြီးခဲ့သည်။

အလှူရှင်များ ကျန်းမာ ချမ်းသာ ဘေးရန်ကွာပြီး စည်းစိမ်ပေါများပါစေ

ထန်းငယ်တော ဘက




ရှင်ပြုအလှူ အကြိုဓမ္မသဘင်


နွားထိုးကြီးမြို့ အမှတ် (၄)ရပ်ကွက်၊ ရဲစခန်းမြောက်ဘက် နေ

အလှူဒကာ ဦးနီတာ + အလှူဒါယိကာမ ဒေါ်နှင်းခိုင်

သား မောင်ကောင်းမြတ်သူ၊ သမီး မယုနန္ဒာ  မိသားစု တို့၏ 

အလှူတော်မင်္ဂလာ

10.12.14

 ဟောကြားခဲ့သောတရားတော်မှာ

(လူချင်း မတူတာ ဘာ့ကြောင့်လဲ ၊ ကံချင်း မတူလို့ဘဲ)






Friday, 17 October 2014

ငွေကျပ် - ၃ - သိန်း အလှူရှင်ဦးအောင် ဒေါ်ခင်မြင့် မိသားစုမှ


ပညာဂုဏ်ရောင် ကျောင်းဆောင်အတွက် ကျပ် ၃သိန်း အလှူရှင် နွားထိုးကြီးမြို့ အမှတ်၁ရပ်နေ
ဦးအောင် ဒေါ်ခင်မြင့် မိသားစုမှ ထန်းငယ်တော ဆရာတော်ထံ ကျပ်သုံးသိန်း လှူဒါန်းခဲ့သည်။


Wednesday, 15 October 2014

ငွေကျပ်(၁၀)သိန်း အလှူရှင် ဦးတင်လှိုင်+ ဒေါ်ခင်မြ

ထန်းငယ်တော ဘကကျောင်း၊ ပညာဂုဏ်ရောင် ကျောင်းဆောင်အတွက်

ငွေကျပ်(၁၀)သိန်း အလှူရှင်



နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးတင်လှိုင်+ ဒေါ်ခင်မြ မိသားစုတို့က

ထန်းငယ်တောဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်း ဆရာတော်ထံ

နဝကမ္မအလှူငွေ ၁၀သိန်း လှူဒါန်းခဲ့သည်။

15.10.14

ပညာဂုဏ်ရောင် ကျောင်းဆောင်အတွက် တံခါးမကြီး(၄)ပေါက် ကျပ်၁သိန်း အလှူရှင်းများ

၁။ ဦးအောင်မြိုင်+ဒေါ်ခင်လေး  အမှတ်(၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊

၂။ ဦးစိုင်းလှသိန်း + ဒေါ်နန်းရွှေလီ မိသားစု အမှတ် (၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊

၃။ ကိုတင်းဝင်း+မဖြိုးဖြိုးလတ် (သား မောင်မျိုးမဟော် မိသားစု အမှတ် (၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊

၎။ ဦးမောင်သန်း+ဒေါ်ကြင်ဆိုင် မိသားစု အမှတ်(၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊

ပညာဂုဏ်ရောင် စာသင်ကျောင်းဆောင် ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက် (မပြည့်အိုးမို့ ဖြည့်နေရတာပါ)


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေ ရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။


ဒီပညာဂုဏ်ရောင် ကျောင်းဆောင်ကို မြေနေရာ အကျယ်၊ ငွေများများ ရှိလို့ ဆောက်လုပ်နေခြင်း မဟုတ်ပါ။ အဆောက်အဦး တိုးအောင် (မလိုအပ်တာ တွေအတွက်) တိုးချဲ့ဆောက်လုပ်နေခြင်းလည်း မဟုတ်ပါ။ လိုအပ်လို့ ဖြည့်ဆည်းပေးနေခြင်းသာ ဖြစ်ပါသည်။ မပြည့်အိုးမို့ ဖြည့်နေရခြင်း ဖြစ်ပါသည်။ အမှန် ၀န်ခံရလျှင် ရှိလို့ ဆောက်ခြင်း မဟုတ်၊ သိလို့ ဆောက်နေခြင်းသာ ဖြစ်ပါသည်။


ထန်းငယ်တောကျောင်းတိုက်ကို အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇ၀န္တ ဆရာတော်ဘုရားကြီးက (၁၉၈၀)ခုနှစ်မှ စပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဖြစ် စတင် ဖွင့်လှစ်ခဲ့ပါသည်။ နောက်ပိုင်းမှာ ဘ.ကကျောင်းများ ပိတ်ခဲ့ကြပါသည်။

(၁၉၉၃-၉၄)ပညာသင်နှစ်တွင် ပြန်လည် ဖွင့်ခွင့် ရခဲ့ပါသည်။ အဲဒီနှစ်မှ စပြီး ယခုအချိန်ထိ ဖွင့်လှစ်ဆဲဖြစ်ပါသည်။ မူလတန်းအဆင့်မှ စတင် သင်ကြားပေးခဲ့ပြီး (၂၀၀၂)ခုနှစ်မှာ အလယ်တန်းအဆင့် အထက်တန်းအဆင့်တို့အထိ တိုးမြှင့် ဖွင့်ခွင့် ရခဲ့ပါသည်။ အခုအခါမှာ အလယ်တန်းအဆင့်သာ ဖွင့်ခွင့်ရထားခြင်း ဖြစ်ပါသည်။ တည်ထောင်ခဲ့သော ဆရာတော်ကြီးက (၃၁.၁.၂၀၁၄) သောကြာနေ့က ပျံလွန်တော်မူသွားခဲ့ပါသည်။ ခုချိန်မှာ ဆရာတော်ကြီး၏ တပည့် ဦးခေမိန္ဒ (မဟာဓမ္မာစရိယ-M.A,Buddhism)က ဆက်လက် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

Wednesday, 27 August 2014

ရည်ရွယ်ချက်ဖြင့်ပျိုးထောင်ပါ



၁နှစ်အတွက် ရည်ရွယ်လျှင် သီးနှံစိုက်ပါ။
If you are planning for one year, plant grain.







၁၀နှစ်အဖို့ ရည်ရွယ်လျှင် သစ်ပင်စိုက်ပါ။
If you are planning for ten years, plant trees.








နှစ်၁၀၀ကို မျှောကိုးလျှင် လူကို ပြုစု ပျိုးထောင်ပါ။
If you are planning for a hundred year, plant man.

၂၇ - နှစ်ပြည့် မွေးနေ့ အဟာရကိုသိုလ်

နွားထိုးကြီးမြို့ အမှတ်၁ရပ်နေ ကိုဖြိုးသူရမင်းထွန်း-မပပမိုး သမီး မေချမ်းမြေ့မိုး မိသားစုတို့က
မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ထန်းငယ်တော ဘကကျောင်းမှ ရှင်သာမဏေများ
ကျောင်းသား/သူများအား ကြက်သား ကြာဇံဟင်းခါး လှူဒါန်း ကျွေးမွေးခဲ့သည်။
ဒါနအနှစ်တွေ မွေးထုတ်နိုင်တဲ့ အနှစ်မွေးနေ့ ဖြစ်ပါသည်။ အသစ်မွေးနေ့ ကုသိုလ် ဒါနကုသိုလ်အသစ်တွေ မွေးထုတ်နိုင်တဲ့နေ့မို့ အသစ်မွေးနေ့ လို့ ခေါ်ရတာပါ။ မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ ရေစက်ချ
ထန်းငယ်တော ဘက ကျောင်းသားများအား ဗလာစာအုပ် ဘောလ်ပင် ခဲတန် ချွန်စက် တစ်ခုစီ နှင့်
ဗလာမပါ ကံစမ်းမဲလည်း ပျော်စရာ အဖြစ် ကျောင်းဝတ်စုံ ကွန်ပါဘူး စတီးလ်ထမင်းချိုင့် စတဲ့ ပစ္စည်းများ ဖောက်ပေးမှာ ဖြစ်ပါတယ်။

ကျန်းမာ ပျော်ရွှင် စည်းစိမ် တိုးပါစေ

မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အာဟာရကုသိုလ်


မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အာဟာရကုသိုလ်

မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အာဟာရကုသိုလ်

မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အာဟာရကုသိုလ်

မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အာဟာရကုသိုလ်

Thursday, 21 August 2014

ဟဲဟဲ တကျည်းတော် ဖတ်တယ်ဘုရား

မန္တလေးတိုင်း၊နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက် ထန်းငယ်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်တွင်
ကိုရင်တွေ၊ကျောင်းသား၊ကျောင်းသူတွေ ဘေဘီတွေ ဂျာနယ် ဖတ်နေကြတဲ့အချိန်ပေါ့ ကလေးတို့ရဲ့သဘာဝ သိတဲ့အတိုင်းပေါ့ ကိုယ့်ကြည့်ချင်တဲ့စာအုပ်တွေဆွဲယူ အုပ်စုလိုက် ဝိုင်းဖွဲ့ထိုင်
စာအုပ်ထဲမှာပါတဲ့ပုံလေးတွေကိုကြည့်လိုက် လှန်လိုက်နဲ့ပေါ့ စာသားတွေကိုကျတော့ကျော်သွား

အချိန် စောင့်လိုက်ပါ

အတိုင်းတာ တစ်ခုအထိ စောင့်ကြည့်ရင်း ကိုယ် လုပ်စရာ ရှိတာကို လုပ်နေပါ အချိန် စောင့်လိုက်ပါ
=================
တခါတုန်းက ပညာရှိ အဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ ခရီးတခုကို အတူထွက်လာခဲ့ကြ တယ်။ လမ်းခရီးတခုမှာ တောနက်ထဲ ရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။ သောက်စရာ ရေလည်း ကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ်။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို သွားကြတယ်။
အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင်ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။ ဒီတော့ တပည့်တွေ လည်း စိတ်ပျက်လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။

Wednesday, 20 August 2014

ငွေ နှင့် ရောင်ရဲခြင်း

ငွေရှိလျှင်ဘာမဆို လိုတရနိုင်သည်ဟု ထင်မှတ်ကြတယ်၊ ရောင်ရဲခြင်းနှင့်စိတ်အေးချမ်းခြင်းကို ငွေဖြင်ဝယ်ယူ၍မရနိုင်ပါ။

အတ္တာဟိ အတ္တနော နာထော


အတ္တာဟိ အတ္တနော နာထော ဆိုတာ ကောင်းမှုပြုလျှင် ကောင်းကျိုးဖြစ်၊ မကောင်းမှုပြုလျှင် မကောင်းကျိုးဖြစ်တာကို ကိုယ်တိုင် အမှန်သိလာပါမှ ကိုယ့်အားကိုယ်ကိုးလာတဲ့ အတ္တာဟိ အတ္တနော နာထော ဖြစ်လာပါလိမ့်မည်။
သူတစ်ပါးထံ တောင်းခံသူသည် သူများပေးသမျှသာရမည်။
ကိုယ်လိုခြင်သည့်အရာကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင် ပြုလုပ်ခြင်းသည်သာ ကိုယ်လိုချင်သလောက် ရနိုင်ပါလိမ့်မည်။



Monday, 18 August 2014

မွန်မြတ်သော ပညာပါရမီ ကုသိုလ်

နွားထိုးကြီးမြို့ အမှတ်(၇)ရပ်နေ

ဦးသန်းထွန်း+ဒေါ်သန်းရီ စကားဝါ စတိုး မိသားစုတို့က

ထန်းငယ်တော ဘက ကျောင်းမှ ကလေးများအတွက်
ဗလာစာအုပ် ဒါဇင်(၃၀) ခဲတန် (၁၂)ဒါဇင်
လာရောက်ပြီး ရေစက်ချ လှူဒါန်းခဲ့ပါသည်။
ဘဝဆက်တိုင်း ဥာဏ်ပညာ ကြီးမားသူများ ဖြစ်ကြပါစေ။
18.8.14

စကားဝါ စတိုး မိသားစုတို့၏ မွန်မြတ်သော ပညာပါရမီ ကုသိုလ်

စကားဝါ စတိုး မိသားစုတို့၏ မွန်မြတ်သော ပညာပါရမီ ကုသိုလ်
စကားဝါ စတိုး မိသားစုတို့၏ မွန်မြတ်သော ပညာပါရမီ ကုသိုလ်


Tuesday, 12 August 2014

ရင်တွင်းဖြစ် ပီတိ

ငါးတန်ကလေးတွေက
ဘာမပြော ညာမပြောနဲ့
အခန်းရှေ့ကနေ
ဘုန်းဘုန်း၂ လို့ လာခေါ်ပြီး
ကန်တော့ချင်လို့ တဲ့လေ
အခန်းတံခါး ဖွင့်ကြည့်မိတော့
အိုး
သူတို့ ခုနက လင်ပန်း ငှားတာ
ဒါ့ကြောင်းကိုး။

ဒီကလေးတွေက နှစ်စဉ် လှူနေကြ တဲ့။
ဆရာတော်ကြီး လက်ထက်ကတည်းက ဆိုပါတော့။
အံ့သြ ချီးကျူးစရာ ကောင်းလိုက်တဲ့ကလေးတွေ။
၅တန်း
ကျောင်းသူ/သားများနှင့် ၇တန်း ကျောင်းသူ ၁ယာက်။
ထန်းငယ်တော ဘက




လစဉ် ဆရာ/မ နှစ်ယောက်အတွက်အလှူငွေ

နွားထိုးကြီးမြို့ အလင်းသစ် ပရဟိတအဖွဲ့မှ
ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆရာ/မ တစ်ဦးလျှင် (၃)သောင်းကျပ် ၂ဦးအတွက် လစဉ် (၆)သောင်းကျပ် လှူဒါန်းလျက် ရှိပါသည်။

(8.8.2014)နေ့  ညနေက ၆လအတွက် (၃)သိန်း (၆)သောင်းကျပ် လာရောက် လှူဒါန်းခဲ့ပါသည်။

ဘဝဆက်တိုင်း လိုတရပြီး အများအကျိုး ဆောင်ရွက်နိုင်ကြပါစေ




ဗုဒ္ဓမြတ်စွာဘုရား၏ ဆွေစဉ်မျိုးဆက်


အာဟာရဒါန

နွားထိုးကြီးမြို့ အမှတ်(၁)ရပ်နေ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်သန်းသန်းနွယ်က ကွယ်လွန်သူ ဦးစိန်ဝင်းအား ရည်စူးပြီး၃နှစ်ပြည့် အမှတ်တရအဖြစ် ထန်းငယ်တော ဘကရှိ ကိုရင် ကျောင်းသား/သူများ အား အာဟာရဒါန ယာဂု ကျွေးမွေးခဲ့သည်။
လူနတ်ဗြဟ္မာ အားလုံး သာဓု ခေါ်စေသော်။





Saturday, 19 July 2014

သိက္ခာထပ်မင်္ဂလာ

      နွားထိုးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်နေ ဒေါ်မြင့် နှင့် သားသမီး မြေး မိသားတစ်စုတို့က ထန်းငယ်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက် ဆရာတော်ကို ၁၃၇၆ - ခုနှစ် ဝါဆိုလပြည့်ကျော်(၈) ရက် 19 - 7 - 2014 စနေနေ့(အာဇာနည်နေ့) ဒုတိယ အကြိမ်မြောက် သိက္ခာထပ်မင်္ဂလာပြုလုပ်ခဲ့ပါသည်။

ထန်းငယ်တောဘုန်းတောကြီးသင်ပညာရေးကျောင်းတိုက် ဆရာတော် နှင့် ရဟန်းဒါယိကမ မိသားတစ်စု

သိမ်ဆင်းလောင်းလှူနေသော ဒါယကာ၊ဒါယိကာမများ
 ဒေါ်မြင့် နှင့် သားသမီး မြေး မိသားတစ်စုတို့က ပရိက္ခရာ(၈)ပါးကပ်လှူ

 ဒေါ်မြင့် နှင့် သားသမီး မြေး မိသားတစ်စုတို့က ပရိက္ခရာ(၈)ပါးကပ်လှူ

Friday, 18 July 2014

ဘ.ကသမိုင်း

မြတ်စစွာဘုရားရှင် ရာဇဂြိုလ်ပြည်၌သီတင်းသုံးနေတော်မူစဉ်အခါကဖြစ်သည်။
ထိုအချိန်တွင် ယင်းပြည်၌ အဟိဝါတ မည်သော (မြွေဆိပ်ပမာ အလွန်ပြင်းထန်သော
ရာဂါ) ဖြစ်ပွားသည်။ အရှင်အာနန္ဒာ၏ အလုပ်အကျွေး ဇနီးမောင်နှံလည်း သေဆုံးသွားရှာသည်။
ထိုမောင်နှံမှာ သဒ္ဓါတရားနှင့်ပြည့်စုံကြ၍ သာသနာတော်ကိုကြည်ညို သူများဖြစ်ကြလေသည်။
၎င်းတို့ကွယ်လွန်သွားသောအခါ လူမမယ်ကလေးနှစ်ယောက်သာ ကျန်ရစ်ရှာသည်။ ကလေးငယ်
နှစ်ယောက်သည် ရဟန်းတော်မျာကိုမြင်လေလျှင် မိဘများရှိစဉ်ကတည်းက ရင်းနှီကျွမ်းယင်လာသည်ဖြစ်ရကား အားကိုးတကြီးဖြင့် ရဟန်းတော်များထံ ပြေးလားရှာကြသည်။
 ရဟန်းတော်များက ငေါက်လွှတ်ကြသည်။ကလေးငယ်နှစ်ယောက်ခမျာ ဝမ်းနည်းကာ ငိုကြွေးရှာကြသည်။

လပတ်စားမေးပွဲဖြေဆို

နွားထိုးကြီးမြို့၊အမှတ်(၁)ရပ်ကွက်၊ထန်းငယ်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်အတွင်း
ပညာသင်ကြားနေသော ကျောင်းသား/သူများ လပတ်စာမေးပွဲဖြေဆိုနေကြသည်။

ထ.င.တ.ဘ.က ကျောင်းသား/သူများ လပတ်စာမေးပွဲဖြေဆိုနေ


ထ.င.တ.ဘ.က ကျောင်းသား/သူများ လပတ်စာမေးပွဲဖြေဆိုနေ


Thursday, 17 July 2014

ပိဋကတ်ကျမ်းစာအလှူရှင်


ပိဋကတ်ကျမ်းစာ အဋ္ဌကထာ ၅၁ ဋီကာ ၂၆ အုပ် အလှူရှင်
နွားထိုကြီးမြို့၊အမှတ်(၁)ရပ်ကွက်နေ ဦးဝင်းမြင့် + ဒေါ်လှမေ။
သား သမီးများ ကိုသန့်ဇော်အေး + မသန်းသန်းနု၊
မကြည်ရွှေ၊မသန်းသန်းယု မိသားစု ကောင်းမှု


ဦးဝင်းမြင့် + ဒေါ်လှမေ။
သား သမီးများ ကိုသန့်ဇော်အေး + မသန်းသန်းနု၊
မကြည်ရွှေ၊မသန်းသန်းယု

ဦးဝင်းမြင့် + ဒေါ်လှမေ။
သား သမီးများ ကိုသန့်ဇော်အေး + မသန်းသန်းနု၊
မကြည်ရွှေ၊မသန်းသန်းယု

ဗုဒ္ဓဝင်ပုံတော်များ

ဗုဒ္ဒဝင်ပုံတော် (၁)

Saturday, 12 July 2014

နေ့စဉ်ဘုရားရှိခိုး

ထန်းငယ်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်အတွင်း ပညာသင်ကြားနေသော ရှင်သာမဏေများနှင့် ကျောင်းသား/သူများ နေ့စဉ် နံနက်တိုင်း ဘုရားရှိခိုးပြီးမှ ကျောင်းစာများကိုသင်ကြားရသည်။ Get Adobe Flash player
Photo Gallery by QuickGallery.com

ကျမ်းစာအုပ်အလှူတော်

မဟာဗုဒ္ဓဝင်၊ လယ်တီဒီပနီ ၊ငါးရာ့ငါးဆယ် ၊ဓမ္မပဒ၊ မိလိန္ဒ၊ ဝိမာနဝတ္ထု မြန်မာကျမ်းစာအုပ်များ အလှူရှင်
နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးမောင်သန်း+ဒေါ်ကြင်ဆိုင် မိသားစု တို့မှ
ထန်းငယ်တောဘုန်းတော်ကြီးသင်ပညာရေးတိုက်သို့လှူဒါန်းခဲ့ပါသည်။
ဆရာတော် ဦးခေမိန္ဒမှ အလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှားပေးအပ်

Tuesday, 8 July 2014

အရိပ်ရှင်

လူတွေကို ခွဲကြည့်လိုက်တဲ့အခါ နှစ်မျိုးတွေ့ရတယ်။ မှီခိုသူနဲ့အမှီကင်းတဲ့သူ။ လူတွေနဲ့ ဆက်စပ်ပြီး သစ်ပင်တွေကို
ခွဲကြည့်တော့ အရိပ်ပေးနိုင်တဲ့သစ်ပင်နဲ့ အရိပ်မပေးနိုင်တဲ့ သစ်ပင်ဆိုပြီး နှစ်မျိုးတွေ့ရတယ်။ ထင်ထင်ရှားရှား မြင်သာတာကတော့
ထန်းပင်တို့၊အုန်းပင်တို့ဟာ အရိပ်ပေးဖို့နေနေသာသာ သူတို့အရိပ်ကိုတောင် သူတို့ခိုခွင့်မရရှာဘူး။ ညောင်ပင်၊ကုက္ကိုပင်၊ မန်ကြီးပင်၊
ထနောင်းပင်တို့ကျတော့ အပင်ကြီးလေ အရိပ်ကောင်းလေဆိုတာတွေ့ရတယ်။
    ကျွန်တော်တို့ လူ့လောကကလည်း သစ်ပင်လောကနဲ့ ခပ်ဆင်ဆင်ပဲလို့တွေးမိတယ်။ အရိပ်ဆိုတဲ့စကားကိုယူပြီး ဘုရားရိပ်၊
တရားရိပ်၊ ကျောင်းရိပ်ကန်ရိပ်စတဲ့အပြင် မိဘရိပ်၊ ဆရာရိပ်ဆိုပြီး မှီခိုလို့ရတဲ့ သူတွေအပေါ် အရိပ်ပမာ တင်စားပြောဆိုကြတယ်။

ပရဟိတ

မြစ်တို့သည် ရေကိုမသောက်သလို
သစ်ပင်တို့သည် အသီးကိုမစားသလို
မိုးသည် တရံတစ်ခါမျှ ကောက်ပင်ကို မစားသလို
သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးအတွက်သာဖြစ်သည်။
           
                                                                              (လောကနီတိ)

Monday, 7 July 2014

အဖိတ်နေ့တိုင်းသန့်ရှင်းရေး

ကျောင်းသား/သူများကျောင်းအတွင်း၊အပြင်သန့်ရှင်းရေးပြုလုပ်နေကြပုံ

ကျောင်းသား/သူများကျောင်းအတွင်း၊အပြင်သန့်ရှင်းရေးပြုလုပ်နေကြပုံ