အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Thursday, 21 August 2014

အချိန် စောင့်လိုက်ပါ

အတိုင်းတာ တစ်ခုအထိ စောင့်ကြည့်ရင်း ကိုယ် လုပ်စရာ ရှိတာကို လုပ်နေပါ အချိန် စောင့်လိုက်ပါ
=================
တခါတုန်းက ပညာရှိ အဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ ခရီးတခုကို အတူထွက်လာခဲ့ကြ တယ်။ လမ်းခရီးတခုမှာ တောနက်ထဲ ရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။ သောက်စရာ ရေလည်း ကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ်။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို သွားကြတယ်။
အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင်ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။ ဒီတော့ တပည့်တွေ လည်း စိတ်ပျက်လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။

အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ်နေတယ်။ နောက်တနာရီလောက် ကြာတဲ့အခါ တပည့်တွေကို ရေသွားခပ်ခိုင်းပြန်တယ်။ ဒီတခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်ကရေတွေ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။ ဒီတော့ ဝမ်းသာအားရနဲ့ တပည့်တွေအားလုံး ရေခပ်ပြီး ပြန်လာကြတယ်။ ဒီတော့ အဖိုးအိုက မေးတယ်။ '' ရေတွေ အားလုံး ကြည်လင်သွားအောင် ဘာ လုပ်လိုက်ကြသလဲ'' '' ဘာမှ မလုပ်ပါဘူး'' တပည့်တွေ အားလုံး ဝိုင်းဖြေကြတယ်။ အဲဒီထဲကမှ တပည့်တယောက်က ဖြေတယ်။ '' အချိန်စောင့်လိုက်ရပါတယ်'' အဖိုးအိုက ပြုံးပြီး ပြောတယ်။

'' ဟုတ်တယ် ရေကန်ထဲက ရေတွေအားလုံး ကြည်လင်ဖို့ ဘာမှမလုပ်ပဲ အချိန်တခုကို စောင့်ရပါတယ် အဲဒီလိုပဲ တစုံတခုက သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင် ပြုလုပ်လို့ သင်တို့ စိတ်တွေ နောက်ကျိနေပြီဆိုရင်... ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။ အချိန်ကာလတခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေ မရှိတော့ပဲ စိတ်ဟာ ပြန်လည် ကြည်လင်လာပါလိမ့်မယ်''

သင့်စိတ်ကို တစုံတaယာက်က နာကျင်အောင် ထိခိုက်အောင် ဒေါသထွက်အောင် ပြုလုပ်လို့ သင့်စိတ် နောက်ကျိနေပြီဆိုရင်တော့... ... ထားလိုက်ပါ။ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ။ အချိန်ပေးလိုက်ပါ။ အချိန်ကာလတခု ကျော်လွန်ပြီးတဲ့အခါ အရာရာဟာ ပြန်လည်ကြည်လင် သွားပါလိမ့်မယ်။

Credit - Original Writer
FB from Uzin Khe

No comments:

Post a Comment