အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Wednesday, 17 December 2014

ယာနဒါန ချမ်းသာအလှူတော်

နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်နေ ဆရာမကြီး ဒေါ်ကြင်လှိုင်
ပြင်ဦးလွင်မြို့နေ သား ဦးကိုကိုကြီး + ဒေါ်မြဝင်း ၊ကိုညီညီထွန်း၊ သမီး မနီ (ခ) မခိုင်ခိုင်ဝင်း
ဗိုလ်ကြီး ကျော်လင်းထွန်း ရန်ကုန် မိသားစုတို့က
ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ခရီးသွား လွယ်ကူချောမွေ့ အဆင်ပြေစေရန် ကားတစ်စီး လှူဒါန်းခဲ့ပါသည်။
ထန်းငယ်တောဆရာတော်က မေမြို့အိမ်သို့ ကြွရောက်ပြီး ရေစက်ချ အနုမောဒနာတရား ဟောကြားပေးခဲ့ပါသည်။
ဆရာမကြီးတို့အိမ်မှာ ထပ်မံ ရေစက်ချ အမျှပေးဝေဦးမည် ဖြစ်သည်။

ယာနဒေါ သုခဒေါ ဟောတိ။
ယာဉ်လှူဒါန်းခြင်းသည် ချမ်းသာကို ပေးလှူရာ ရောက်၏။

အလှူရှင်မိသားစုများ စီးပွားဥစ္စာ လွယ်ကူစွာ ရှာဖွေ အဆင်ပြေကြပြီး ဒီထက်မက ချမ်းသာကြပါစေ။
27.11.14


ယာဉ်အလှူရှင်မိသားစုများ
ယာဉ်အလှူရှင်မိသားစုများ

ယာဉ်အလှူရှင်မိသားစုများ

No comments:

Post a Comment