ငါးတန်ကလေးတွေက
ဘာမပြော ညာမပြောနဲ့
အခန်းရှေ့ကနေ
ဘုန်းဘုန်း၂ လို့ လာခေါ်ပြီး
ကန်တော့ချင်လို့ တဲ့လေ
အခန်းတံခါး ဖွင့်ကြည့်မိတော့
အိုး
သူတို့ ခုနက လင်ပန်း ငှားတာ
ဒါ့ကြောင်းကိုး။
ဒီကလေးတွေက နှစ်စဉ် လှူနေကြ တဲ့။
ဆရာတော်ကြီး လက်ထက်ကတည်းက ဆိုပါတော့။
အံ့သြ ချီးကျူးစရာ ကောင်းလိုက်တဲ့ကလေးတွေ။
၅တန်းကျောင်းသူ/သားများနှင့် ၇တန်း ကျောင်းသူ ၁ယာက်။
ထန်းငယ်တော ဘက
Tuesday, 12 August 2014
လစဉ် ဆရာ/မ နှစ်ယောက်အတွက်အလှူငွေ
နွားထိုးကြီးမြို့ အလင်းသစ် ပရဟိတအဖွဲ့မှ
ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆရာ/မ တစ်ဦးလျှင် (၃)သောင်းကျပ် ၂ဦးအတွက် လစဉ် (၆)သောင်းကျပ် လှူဒါန်းလျက် ရှိပါသည်။
(8.8.2014)နေ့ ညနေက ၆လအတွက် (၃)သိန်း (၆)သောင်းကျပ် လာရောက် လှူဒါန်းခဲ့ပါသည်။
ဘဝဆက်တိုင်း လိုတရပြီး အများအကျိုး ဆောင်ရွက်နိုင်ကြပါစေ

အာဟာရဒါန
နွားထိုးကြီးမြို့ အမှတ်(၁)ရပ်နေ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်သန်းသန်းနွယ်က ကွယ်လွန်သူ ဦးစိန်ဝင်းအား ရည်စူးပြီး၃နှစ်ပြည့် အမှတ်တရအဖြစ် ထန်းငယ်တော ဘကရှိ ကိုရင် ကျောင်းသား/သူများ အား အာဟာရဒါန ယာဂု ကျွေးမွေးခဲ့သည်။
လူနတ်ဗြဟ္မာ အားလုံး သာဓု ခေါ်စေသော်။
လူနတ်ဗြဟ္မာ အားလုံး သာဓု ခေါ်စေသော်။
Subscribe to:
Posts (Atom)