အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Thursday, 18 December 2014

ခုနှစ်နေ့ ဗုဒ္ဓဝင်





မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ပိုင်ရှအဖြစ်ကို အလိုလိုရရှိလာသည်မဟုတ်ပါ။ ဘရားဖြစ်လိုသူတိုင်း အပြည့်အဝပြည့်စုံထားရမည့် ပါရမီ (၁၀) ပါးခေါ် အရည်အချင်း (၁၀) ပါး ကို ဒီပင်္ကရာဘုရားရှင်၏ လက်ထက်တော်မှစ၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ကျင့်တော်မူခဲ့ရပါသည်။

ပါရမီ (၁၀) ပါး ဆိုသည်မှာ

၁။ စွန့်ကြဲပေးကမ်းလှူဒါန်းမှု (ဒါနပါရမီ)

၂။ ကိုယ် - နှုတ် နှစ်ပါးစောင့်ထိမ်းမှု (သီလပါရမီ)

၃။ လေကီစည်းစိမ်များကို မတွယ်တာပဲတောထွက်မှု (နေက္ခမပါရမီ)

၎။ ပညာဆည်းပူး ဖြန့်ဝေမှု (ပညာပါရမီ)

၅။ မတွန့်မဆုတ် အားထုတ်မှု (ဝီရိယပါရမီ)

၆။ သည်ခံ ခွင့်လွှတ်မှု (ခန္တီပါရမီ)

၇။ မှန်ကန်စွာပြောဆိုမှု (သစ္စာပါရမီ)

၈။ ရည်မှန်းချက်၊ ဆုံးဖြတ်ချက် ခိုင်မာမှု (အဓိဋ္ဌာန ပါရမီ)

၉။ သတ္တဝါများအပေါ် ကောင်းကျိုးလိုလားချစ်ခင်မှု (မေတ္တာပါရမီ)

၁၀။ မုန်းချစ်မပြု ဘက်မလိုက်ရှုမြင်မှု (ဥမေက္ခာပါရမီ)

Wednesday, 17 December 2014

ပညာဂုဏ်ရောင် ကျောင်းဆောင်အတွက် ကျပ်(၁၀)သိန်း အလှူရှင်


ထန်းငယ်တော ဘကကျောင်း

ပညာဂုဏ်ရောင် ကျောင်းဆောင်အတွက်ကျပ်(၁၀)သိန်း အလှူရှင်

နွားထိုးကြီးမြို့ အမှတ်(၁)ရပ်ကွက်နေ ဦးတင်လှိုင်+ ဒေါ်ခင်မြ မိသားစုတို့က

ထန်းငယ်တော ဆရာတော်ထံ နဝကမ္မအလှူငွေ( ၁၀) သိန်း လှူဒါန်းခဲ့သည်။

15.10.14




အလှူရှင်မိသားစု ဘယာဝေးလို့ ရတနာသူဋ္ဌေးကြီးများဖြစ်ကြပါစေ...

ပညာဂုဏ်ရောင် စာသင်ကျောင်းဆောင်အတွက် ကျပ်၂ သိန်း အလှူရှင်

နွားထိုးကြီးမြို့ အမှတ် (၁) ရပ်ကွက်နေ
ဦးနေထွန်း+ဒေါ်ခင်သက်မူ မိသားစုတို့က
ပညာဂုဏ်ရောင်စာသင်ကျောင်းဆောင်အတွက်
ထန်းငယ်တောဆရာတော်ထံ ငွေကျပ်(၂)သိန်း လှူဒါန်းခဲ့သည်။
မိသားစုအားလုံး ကျောင်းလှူရခြင်းကြောင့် လိုတရသူများ ဖြစ်ကြပါစေ။


ယာနဒါန ချမ်းသာအလှူတော်

နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်နေ ဆရာမကြီး ဒေါ်ကြင်လှိုင်
ပြင်ဦးလွင်မြို့နေ သား ဦးကိုကိုကြီး + ဒေါ်မြဝင်း ၊ကိုညီညီထွန်း၊ သမီး မနီ (ခ) မခိုင်ခိုင်ဝင်း
ဗိုလ်ကြီး ကျော်လင်းထွန်း ရန်ကုန် မိသားစုတို့က
ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ခရီးသွား လွယ်ကူချောမွေ့ အဆင်ပြေစေရန် ကားတစ်စီး လှူဒါန်းခဲ့ပါသည်။
ထန်းငယ်တောဆရာတော်က မေမြို့အိမ်သို့ ကြွရောက်ပြီး ရေစက်ချ အနုမောဒနာတရား ဟောကြားပေးခဲ့ပါသည်။
ဆရာမကြီးတို့အိမ်မှာ ထပ်မံ ရေစက်ချ အမျှပေးဝေဦးမည် ဖြစ်သည်။

ယာနဒေါ သုခဒေါ ဟောတိ။
ယာဉ်လှူဒါန်းခြင်းသည် ချမ်းသာကို ပေးလှူရာ ရောက်၏။

အလှူရှင်မိသားစုများ စီးပွားဥစ္စာ လွယ်ကူစွာ ရှာဖွေ အဆင်ပြေကြပြီး ဒီထက်မက ချမ်းသာကြပါစေ။
27.11.14


ယာဉ်အလှူရှင်မိသားစုများ
ယာဉ်အလှူရှင်မိသားစုများ

ယာဉ်အလှူရှင်မိသားစုများ

ပညာဂုဏ်ရောင် စာသင်ကျောင်းဆောင်ပြီးစီမှု

ပညာဂုဏ်ရောင် စာသင်ကျောင်းဆောင် တည်ဆောက်ပြီးစီးမှု အနေအထား ဒိုင်း အမိုး ကျန်သေးပါသည်။

December 2 ရက်နေ့က ပညာဂုဏ်ရောင် စာသင်ကျောင်းအပေါ်ပိုင်း ကျောက်သွေးလောင်းပြီးခဲ့သည်။

အလှူရှင်များ ကျန်းမာ ချမ်းသာ ဘေးရန်ကွာပြီး စည်းစိမ်ပေါများပါစေ

ထန်းငယ်တော ဘက




ရှင်ပြုအလှူ အကြိုဓမ္မသဘင်


နွားထိုးကြီးမြို့ အမှတ် (၄)ရပ်ကွက်၊ ရဲစခန်းမြောက်ဘက် နေ

အလှူဒကာ ဦးနီတာ + အလှူဒါယိကာမ ဒေါ်နှင်းခိုင်

သား မောင်ကောင်းမြတ်သူ၊ သမီး မယုနန္ဒာ  မိသားစု တို့၏ 

အလှူတော်မင်္ဂလာ

10.12.14

 ဟောကြားခဲ့သောတရားတော်မှာ

(လူချင်း မတူတာ ဘာ့ကြောင့်လဲ ၊ ကံချင်း မတူလို့ဘဲ)