အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Thursday, 4 June 2015

ဘုရားခန်း နှင့် သံဃာစင် အလှူ ရှင် ဦးမောင်သန်း+ဒ်ါကြင်ဆိုင်၊ ဦးဥာဏ်မော်+ဒ်ါအေးဆုမွန် (သမီး) မဖြူစင်ရှင်းသန့် မိသားစု

မြောက်တိုက်ကျောင်းထဲ ဘုရားခန်း လုပ်နေပါသည်။
ယခု ပလ္လင် စတင် လုပ်နေပါသည်။
အရင်က စာသင်ကျောင်း သီးသန့် ဆောက်ခဲ့တာပါ။
နောက်တစ်ဆောင် ဆောက်နေပြီ ဖြစ်တဲ့အတွက် ဥပုသ်နေ့တွေ
တရားပွဲတွေ အခမ်းနားတွေအတွက် ဘုရား ရုပ်ပွားတော် ပင့်နေရလို့
ခုလို ဘုရားခန်း ပြုလုပ်နေရတာပါ။
စာသင်ခန်း အဖြစ်လည်း သုံးနေဦးမှာပါ။
တစ်ဖက်က လိုအပ်တဲ့ လုံလောက်တဲ့ ကျောင်းဆောင် မပြည့်စုံသေးသမျှ
ဒီထဲမှာ စာသင်နေရဦးမှာပါ။မကျေနပ်ဘူးဆိုရင် လှူပေါ့ လို့ ဟာသအဖြစ်နဲ့ အတည်ပေါက် နောက်လိုက်ပါတယ်။
ခု ဘုရားခန်း နှင့် သံဃာစင် အလှူရှင်ကတော့နွားထိုးကြီးမြို့ အမှတ်၁ရပ်နေ
ဦးမောင်သန်း+ဒ်ါကြင်ဆိုင်
ဦးဥာဏ်မော်+ဒ်ါအေးဆုမွန်
(သမီး) မဖြူစင်ရှင်းသန့် မိသားစုတို့ ဖြစ်ပါတယ်။

ထန်းငယ်တော ဘက
အမှတ်(၁)ရပ်ကွက်၊
နွားထိုးကြီးမြို့။
ဖုန်း-၀၆၆-၈၀၃၆၃
ဦးမောင်သန်း+ဒ်ါကြင်ဆိုင်၊ ဦးဥာဏ်မော်+ဒ်ါအေးဆုမွန် (သမီး) မဖြူစင်ရှင်းသန့် မိသားစုတို့၏ဘုရားခန်းအလှူ

No comments:

Post a Comment