အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Thursday, 25 June 2015

နတ်ပင့်

သမန္တာ စက္ကဝါဠေသု ၊ အတြာ ဂစ္ဆန္တု ဒေဝတာ။

သဒ္ဓမ္မံ မုနိရာဇဿ ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

သမန္တာ - လေးကျွန်းဒိသာ စက္ကဝါဝန်းပတ် ထက်ဝန်းကျင်အရပ်မှ။ စက္ကဝါဠေသု - ရေတွက်ပိုင်းခြား

ဂဏန်းထားက များပြားဘိတောင်း တစ်သောင်းသော စကြာဝဠာတို၌။ ဝသန္တာ - ဒေဝိဒ္ဓိဂုဏ် စုံလင်ညီမျှ

နေထိုင်ကြကုန်သော။ ဒေဝတာ - တန်ခိုးတေဇော် အနုဘော်နှင့် ရှိန်စော်ကြီးမား နတ်အများတို့သည်။

အတြာ - ( ဓမ္မစကြာ ) ဒေသနာတောကို သေချာရွတ်မည် စိတ်ကရည်၍ ကြံစည်ပါရ ဤ (…………….)

ဌာနသို့။
အာဂစ္ဆ္ဆန္တု - စိတ်ရောကိုယ်ပါ တူမကွာပဲ ညီညာဖြဖြ ကြွလာတော်မူကြပါကုန်လော့။ မုနိရာဇဿ -

တရားမင်းအစစ် ဓမ္မရဇ်ထွတ်ထား ရှင်တော်မြတ်ဘုရား၏။ သဂ္ဂမောက္ခဒံ - လူ့ရွာ,နတ်ထံ၊ နိဗ္ဗာန်အရောက်

ချမ်းသာပေါက်ဖို့ လာရောက်ပိုင်ပိုင် ပေးစွမ်းနိုင်ပေထသော။ သဒ္ဓမ္မံ - ဘဂဝါဗုဒ္ဓ နှုတ်မိန့်ဟသည့် ဓမ္မဥက္ကဌ်

( ဓမ္မစကြာဒေသနာ) တည်းဟူသော တရားတော်မြတ်ကို။ သုဏန္တု - သဒ္ဓါရှေ့ထား ပီတိပွါး၍ အားပါးတရ

နာယူတော်မူကြပါကုန်လော့။

ဘဒ္ဒန္တာ - သောင်းတိုက်စက္ကဝါ ထက်ဝဠာမှ ညီညာဖြဖြ ရောက်လာကြသော။ ဒေဝ ဒေဝါ - အို …

နတ်ဗြဟ္မာတို့။ အယံကာလော - (ဓမ္မစကြာ) သဘင်း ဆင်ယင်ပါရ ဤအချိန်အခါသမယသည်။

ဓမ္မသဝနကာလော - ကုသိုလ်စိတ်ယှဉ် ဇောအစဉ်နှင့် ကြည်ရွှင်လေးမြတ် နာကြားအပ်ရာ မင်္ဂလာ

အခါကြီးပါပေတည်း …။