ဦးအောင် ဒေါ်ခင်မြင့် မိသားစုမှ ထန်းငယ်တော ဆရာတော်ထံ ကျပ်သုံးသိန်း လှူဒါန်းခဲ့သည်။
Friday, 17 October 2014
ငွေကျပ် - ၃ - သိန်း အလှူရှင်ဦးအောင် ဒေါ်ခင်မြင့် မိသားစုမှ
ဦးအောင် ဒေါ်ခင်မြင့် မိသားစုမှ ထန်းငယ်တော ဆရာတော်ထံ ကျပ်သုံးသိန်း လှူဒါန်းခဲ့သည်။
Wednesday, 15 October 2014
ငွေကျပ်(၁၀)သိန်း အလှူရှင် ဦးတင်လှိုင်+ ဒေါ်ခင်မြ
ပညာဂုဏ်ရောင် ကျောင်းဆောင်အတွက် တံခါးမကြီး(၄)ပေါက် ကျပ်၁သိန်း အလှူရှင်းများ
၁။ ဦးအောင်မြိုင်+ဒေါ်ခင်လေး အမှတ်(၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊
၂။ ဦးစိုင်းလှသိန်း + ဒေါ်နန်းရွှေလီ မိသားစု အမှတ် (၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊
၃။ ကိုတင်းဝင်း+မဖြိုးဖြိုးလတ် (သား မောင်မျိုးမဟော် မိသားစု အမှတ် (၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊
၎။ ဦးမောင်သန်း+ဒေါ်ကြင်ဆိုင် မိသားစု အမှတ်(၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊
၂။ ဦးစိုင်းလှသိန်း + ဒေါ်နန်းရွှေလီ မိသားစု အမှတ် (၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊
၃။ ကိုတင်းဝင်း+မဖြိုးဖြိုးလတ် (သား မောင်မျိုးမဟော် မိသားစု အမှတ် (၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊
၎။ ဦးမောင်သန်း+ဒေါ်ကြင်ဆိုင် မိသားစု အမှတ်(၁)ရပ်ကွက်၊ နွားထိုးကြီးမြို့၊
ပညာဂုဏ်ရောင် စာသင်ကျောင်းဆောင် ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက် (မပြည့်အိုးမို့ ဖြည့်နေရတာပါ)
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေ ရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။
ဒီပညာဂုဏ်ရောင် ကျောင်းဆောင်ကို မြေနေရာ အကျယ်၊ ငွေများများ ရှိလို့ ဆောက်လုပ်နေခြင်း မဟုတ်ပါ။ အဆောက်အဦး တိုးအောင် (မလိုအပ်တာ တွေအတွက်) တိုးချဲ့ဆောက်လုပ်နေခြင်းလည်း မဟုတ်ပါ။ လိုအပ်လို့ ဖြည့်ဆည်းပေးနေခြင်းသာ ဖြစ်ပါသည်။ မပြည့်အိုးမို့ ဖြည့်နေရခြင်း ဖြစ်ပါသည်။ အမှန် ၀န်ခံရလျှင် ရှိလို့ ဆောက်ခြင်း မဟုတ်၊ သိလို့ ဆောက်နေခြင်းသာ ဖြစ်ပါသည်။
ထန်းငယ်တောကျောင်းတိုက်ကို အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇ၀န္တ ဆရာတော်ဘုရားကြီးက (၁၉၈၀)ခုနှစ်မှ စပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဖြစ် စတင် ဖွင့်လှစ်ခဲ့ပါသည်။ နောက်ပိုင်းမှာ ဘ.ကကျောင်းများ ပိတ်ခဲ့ကြပါသည်။
(၁၉၉၃-၉၄)ပညာသင်နှစ်တွင် ပြန်လည် ဖွင့်ခွင့် ရခဲ့ပါသည်။ အဲဒီနှစ်မှ စပြီး ယခုအချိန်ထိ ဖွင့်လှစ်ဆဲဖြစ်ပါသည်။ မူလတန်းအဆင့်မှ စတင် သင်ကြားပေးခဲ့ပြီး (၂၀၀၂)ခုနှစ်မှာ အလယ်တန်းအဆင့် အထက်တန်းအဆင့်တို့အထိ တိုးမြှင့် ဖွင့်ခွင့် ရခဲ့ပါသည်။ အခုအခါမှာ အလယ်တန်းအဆင့်သာ ဖွင့်ခွင့်ရထားခြင်း ဖြစ်ပါသည်။ တည်ထောင်ခဲ့သော ဆရာတော်ကြီးက (၃၁.၁.၂၀၁၄) သောကြာနေ့က ပျံလွန်တော်မူသွားခဲ့ပါသည်။ ခုချိန်မှာ ဆရာတော်ကြီး၏ တပည့် ဦးခေမိန္ဒ (မဟာဓမ္မာစရိယ-M.A,Buddhism)က ဆက်လက် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
Subscribe to:
Posts (Atom)