အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Tuesday, 1 July 2014

သိကောင်းစရာဗောဓိပင်သမိုင်း

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင်များသည် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗောဓိပင်ကို ညောင်ရေသွန်းလောင်းလေ့ရှိကြပါသည်။
သို့သော် ဗောဓိပင်သမိုင်းနှင့် ညောင်ရေသွန်းလောင်းရခြင်း၏အကြောင်းကိုကားသိသူရှားပေလိမ့်မည်။
    ဗောဓိဟူသည် သစ္စာလေးပါးတရားကို ဆိုလိုသည်၊ ဘုရားရှင်တို့ သစ္စာလေးပါးတရားကို သိမြင်တော်မူရာ မည်သည့်သစ်ပင်ကိုမဆို "ဗောဓိပင်"
ဟုသတ်မှတ်ကြပါသည်။ ယခုခေတ်၌ ညောင်ပင်မှန်သမျှကို ဗောဓိပင်ဟု ထင်မှတ်နေကြသည်။ ဂေါတမမြတ်စွာဘုရား သစ္စာလေးပါးသိမြင်တော်မူရာ သစ်ပင်ကား
ညောင်ဗုဒ္ဓဟေပင်ဖြစ်ပါသည်။ ထိုသစ်ပင်ကို ဗောဓိပင်ဟုခေါ်ပါသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဗုဒဓဂါယာအရပ်တွင် တည်ရှိပါသည်။

ဝိသာခါနဲ့ပတ်သတ်ပြီး လေးစားမိတဲ့ သူ့စိတ်ထားလေးတစ်ခု

ဝိသာခါဆိုရင် ဗုဒ္ဓဘာသာဝင်တွေ အတော်များများ သိကြပါတယ်။
ပိဋကတ်တော်မှာ ဝိသာခ ဆိုတဲ့နာမည်ရှင်တွေ အများကြီး ရှိပေမယ့် အသိအများဆုံးကတော့
ပုဗ္ဗာရုံကျောင်းဒါယိကာမကြီး ဝိသာခါပါပဲ။
မြန်မာတွေလို ခေါ်ရင်တော့ မဝိသာခါပေါ့လေ။
သူ့ရဲ့ ဘဝဖြစ်စဉ်ထဲက ထင်ရှားတဲ့ စိတ်ဓာတ်လေးတစ်ခုကို ပြောချင်လို့ပါ။