သို့သော် ဗောဓိပင်သမိုင်းနှင့် ညောင်ရေသွန်းလောင်းရခြင်း၏အကြောင်းကိုကားသိသူရှားပေလိမ့်မည်။
ဗောဓိဟူသည် သစ္စာလေးပါးတရားကို ဆိုလိုသည်၊ ဘုရားရှင်တို့ သစ္စာလေးပါးတရားကို သိမြင်တော်မူရာ မည်သည့်သစ်ပင်ကိုမဆို "ဗောဓိပင်"
ဟုသတ်မှတ်ကြပါသည်။ ယခုခေတ်၌ ညောင်ပင်မှန်သမျှကို ဗောဓိပင်ဟု ထင်မှတ်နေကြသည်။ ဂေါတမမြတ်စွာဘုရား သစ္စာလေးပါးသိမြင်တော်မူရာ သစ်ပင်ကား
ညောင်ဗုဒ္ဓဟေပင်ဖြစ်ပါသည်။ ထိုသစ်ပင်ကို ဗောဓိပင်ဟုခေါ်ပါသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဗုဒဓဂါယာအရပ်တွင် တည်ရှိပါသည်။
မဟာဗောဓိဌာနသည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်းအလေးအမြတ်ပြုအပ်သော ဌာနကြီးဖြစ်ပါသည်။ ကြောင်းမှာ ဘုရားရှင်၌ ကိလေသာအားလုံး
ချုပ်ငြိမ်းခြင်း= ကလေသပရိနိဗ္ဗာန်၊ ခန္ဓာချုပ်ငြိမ်းခြင်း = ခန္ဓပရိနိဗ္ဗာန် နှင့် ဓာတ်တော်များချုပ်ငြမ်းခြင်း = ဓာတုပရိနိဗ္ဗာန်တို့သည် ဤမဟာဗောဓိဌာမမှာပင်စံလွန်
မှာဖြစ်သောကြောင့်ပင်ဖြစ်သည်။
No comments:
Post a Comment