အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Monday, 1 June 2015

ရှင်လောင်းလှည့်သည့် ဓလေ့

ရှင်လောင်းလှည့်သည့် ဓလေ့
ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား တောထွက်တော့ နတ် ဗြဟ္မာတွေက လိုက်ပို့တာပါ။
ခေမာမိဖုရား ရဟန်းမ ဝတ်ဖို့ ဗိမ္ဗိသာရမင်းကြီးက မင်းခမ်းမင်းနားဖြင့် ကျောင်းတော်ကို လိုက်ပို့ပေးခဲ့ပါတယ်။ဓမ္မဒိန္နာ သူဌေးကတော် ရဟန်းမ ဝတ်ဖို့ ဝိသာခသူဌေးကြီးက အခြွေအရံ
ပရိသတ် ကြီးကျယ်ခမ်းနားစွာဖြင့် ကျောင်းတော်ကို လိုက်ပို့ပေးခဲ့ပါသည်။
ထိုအစဉ်အလာတွေကို အတုယူပြီးယနေ့ခေတ်မှာလည်း ရှင်လောင်းလှည့်တဲ့အခါ မင်းခမ်းမင်းနားများဖြင့် လိုက်ပါပို့ဆောင်နေကြခြင်း ဖြစ်ပါသည်။
အလှူဒါယကာ ဦးရဲကျော်သူ + အလှူဒါယိကာမ ဒေါ်နွယ်နွယ်အေးတို့၏ အလှူပါ
အမှတ်(၁)ရပ်ကွက်၊နွားထိုးကြီးမြို့။
လှူဒါယကာ ဦးရဲကျော်သူ + အလှူဒါယိကာမ ဒေါ်နွယ်နွယ်အေးတို့၏ အလှူပါ

No comments:

Post a Comment