အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Wednesday, 20 August 2014

အတ္တာဟိ အတ္တနော နာထော


အတ္တာဟိ အတ္တနော နာထော ဆိုတာ ကောင်းမှုပြုလျှင် ကောင်းကျိုးဖြစ်၊ မကောင်းမှုပြုလျှင် မကောင်းကျိုးဖြစ်တာကို ကိုယ်တိုင် အမှန်သိလာပါမှ ကိုယ့်အားကိုယ်ကိုးလာတဲ့ အတ္တာဟိ အတ္တနော နာထော ဖြစ်လာပါလိမ့်မည်။
သူတစ်ပါးထံ တောင်းခံသူသည် သူများပေးသမျှသာရမည်။
ကိုယ်လိုခြင်သည့်အရာကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင် ပြုလုပ်ခြင်းသည်သာ ကိုယ်လိုချင်သလောက် ရနိုင်ပါလိမ့်မည်။



No comments:

Post a Comment