အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Thursday, 21 August 2014

ဟဲဟဲ တကျည်းတော် ဖတ်တယ်ဘုရား

မန္တလေးတိုင်း၊နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက် ထန်းငယ်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်တွင်
ကိုရင်တွေ၊ကျောင်းသား၊ကျောင်းသူတွေ ဘေဘီတွေ ဂျာနယ် ဖတ်နေကြတဲ့အချိန်ပေါ့ ကလေးတို့ရဲ့သဘာဝ သိတဲ့အတိုင်းပေါ့ ကိုယ့်ကြည့်ချင်တဲ့စာအုပ်တွေဆွဲယူ အုပ်စုလိုက် ဝိုင်းဖွဲ့ထိုင်
စာအုပ်ထဲမှာပါတဲ့ပုံလေးတွေကိုကြည့်လိုက် လှန်လိုက်နဲ့ပေါ့ စာသားတွေကိုကျတော့ကျော်သွား

ထိုအချိန် ကျောင်းထိုင်ကျောင်းအုပ်ဆရာတော်မြင်သွားသတဲ့ ကျောင်းထိုင်းကျောင်းအုပ်ဆရာတော်က

 " ဟေ့ဟေ့ ကလေးတွေ ပုံတွေချည်းလိုက်ကြည့်မနေနဲ့ စာတွေလဲဖတ်အုံးဟ " လို့ လှမ်းပြောလိုက်သတဲ့

ကိုရင်တွေ၊ကျောင်းသား၊ကျောင်းသူတွေ ထဲမှ

" ဟဲဟဲ တကျည်းတော် ဖတ်တယ်ဘုရား" တဲ့

ပအိုးဝ် ကိုရင်လေးက လှမ်းပြောတယ်။

ကျောင်းထိုင်ဆရာတော် အပြုံနဲ့

No comments:

Post a Comment