အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Wednesday, 27 August 2014

၂၇ - နှစ်ပြည့် မွေးနေ့ အဟာရကိုသိုလ်

နွားထိုးကြီးမြို့ အမှတ်၁ရပ်နေ ကိုဖြိုးသူရမင်းထွန်း-မပပမိုး သမီး မေချမ်းမြေ့မိုး မိသားစုတို့က
မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ထန်းငယ်တော ဘကကျောင်းမှ ရှင်သာမဏေများ
ကျောင်းသား/သူများအား ကြက်သား ကြာဇံဟင်းခါး လှူဒါန်း ကျွေးမွေးခဲ့သည်။
ဒါနအနှစ်တွေ မွေးထုတ်နိုင်တဲ့ အနှစ်မွေးနေ့ ဖြစ်ပါသည်။ အသစ်မွေးနေ့ ကုသိုလ် ဒါနကုသိုလ်အသစ်တွေ မွေးထုတ်နိုင်တဲ့နေ့မို့ အသစ်မွေးနေ့ လို့ ခေါ်ရတာပါ။ မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ ရေစက်ချ
ထန်းငယ်တော ဘက ကျောင်းသားများအား ဗလာစာအုပ် ဘောလ်ပင် ခဲတန် ချွန်စက် တစ်ခုစီ နှင့်
ဗလာမပါ ကံစမ်းမဲလည်း ပျော်စရာ အဖြစ် ကျောင်းဝတ်စုံ ကွန်ပါဘူး စတီးလ်ထမင်းချိုင့် စတဲ့ ပစ္စည်းများ ဖောက်ပေးမှာ ဖြစ်ပါတယ်။

ကျန်းမာ ပျော်ရွှင် စည်းစိမ် တိုးပါစေ

မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အာဟာရကုသိုလ်


မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အာဟာရကုသိုလ်

မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အာဟာရကုသိုလ်

မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အာဟာရကုသိုလ်

မပပမိုး၏ ၂၇-နှစ်ပြည့် မွေးနေ့ အာဟာရကုသိုလ်

No comments:

Post a Comment