အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Saturday, 19 July 2014

သိက္ခာထပ်မင်္ဂလာ

      နွားထိုးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်နေ ဒေါ်မြင့် နှင့် သားသမီး မြေး မိသားတစ်စုတို့က ထန်းငယ်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက် ဆရာတော်ကို ၁၃၇၆ - ခုနှစ် ဝါဆိုလပြည့်ကျော်(၈) ရက် 19 - 7 - 2014 စနေနေ့(အာဇာနည်နေ့) ဒုတိယ အကြိမ်မြောက် သိက္ခာထပ်မင်္ဂလာပြုလုပ်ခဲ့ပါသည်။

ထန်းငယ်တောဘုန်းတောကြီးသင်ပညာရေးကျောင်းတိုက် ဆရာတော် နှင့် ရဟန်းဒါယိကမ မိသားတစ်စု

သိမ်ဆင်းလောင်းလှူနေသော ဒါယကာ၊ဒါယိကာမများ
 ဒေါ်မြင့် နှင့် သားသမီး မြေး မိသားတစ်စုတို့က ပရိက္ခရာ(၈)ပါးကပ်လှူ

 ဒေါ်မြင့် နှင့် သားသမီး မြေး မိသားတစ်စုတို့က ပရိက္ခရာ(၈)ပါးကပ်လှူ

No comments:

Post a Comment