အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Friday, 18 July 2014

ဘ.ကသမိုင်း

မြတ်စစွာဘုရားရှင် ရာဇဂြိုလ်ပြည်၌သီတင်းသုံးနေတော်မူစဉ်အခါကဖြစ်သည်။
ထိုအချိန်တွင် ယင်းပြည်၌ အဟိဝါတ မည်သော (မြွေဆိပ်ပမာ အလွန်ပြင်းထန်သော
ရာဂါ) ဖြစ်ပွားသည်။ အရှင်အာနန္ဒာ၏ အလုပ်အကျွေး ဇနီးမောင်နှံလည်း သေဆုံးသွားရှာသည်။
ထိုမောင်နှံမှာ သဒ္ဓါတရားနှင့်ပြည့်စုံကြ၍ သာသနာတော်ကိုကြည်ညို သူများဖြစ်ကြလေသည်။
၎င်းတို့ကွယ်လွန်သွားသောအခါ လူမမယ်ကလေးနှစ်ယောက်သာ ကျန်ရစ်ရှာသည်။ ကလေးငယ်
နှစ်ယောက်သည် ရဟန်းတော်မျာကိုမြင်လေလျှင် မိဘများရှိစဉ်ကတည်းက ရင်းနှီကျွမ်းယင်လာသည်ဖြစ်ရကား အားကိုးတကြီးဖြင့် ရဟန်းတော်များထံ ပြေးလားရှာကြသည်။
 ရဟန်းတော်များက ငေါက်လွှတ်ကြသည်။ကလေးငယ်နှစ်ယောက်ခမျာ ဝမ်းနည်းကာ ငိုကြွေးရှာကြသည်။

No comments:

Post a Comment