လူတွေကို ခွဲကြည့်လိုက်တဲ့အခါ နှစ်မျိုးတွေ့ရတယ်။ မှီခိုသူနဲ့အမှီကင်းတဲ့သူ။ လူတွေနဲ့ ဆက်စပ်ပြီး သစ်ပင်တွေကို
ခွဲကြည့်တော့ အရိပ်ပေးနိုင်တဲ့သစ်ပင်နဲ့ အရိပ်မပေးနိုင်တဲ့ သစ်ပင်ဆိုပြီး နှစ်မျိုးတွေ့ရတယ်။ ထင်ထင်ရှားရှား မြင်သာတာကတော့
ထန်းပင်တို့၊အုန်းပင်တို့ဟာ အရိပ်ပေးဖို့နေနေသာသာ သူတို့အရိပ်ကိုတောင် သူတို့ခိုခွင့်မရရှာဘူး။ ညောင်ပင်၊ကုက္ကိုပင်၊ မန်ကြီးပင်၊
ကျွန်တော်တို့ လူ့လောကကလည်း သစ်ပင်လောကနဲ့ ခပ်ဆင်ဆင်ပဲလို့တွေးမိတယ်။ အရိပ်ဆိုတဲ့စကားကိုယူပြီး ဘုရားရိပ်၊
တရားရိပ်၊ ကျောင်းရိပ်ကန်ရိပ်စတဲ့အပြင် မိဘရိပ်၊ ဆရာရိပ်ဆိုပြီး မှီခိုလို့ရတဲ့ သူတွေအပေါ် အရိပ်ပမာ တင်စားပြောဆိုကြတယ်။
ကိုယ့်ကိုကောင်းကျိုးပြုတဲ့အရာကို အရိပ်လို့ခေါ်တဲ့သဘောပေါ့။ ဒီအရိပ်ဆိုတဲ့စကားကို ပါဠိဝေါဟာရမှာ ဆာယာ လို့ သာယာလှပစွာနဲ့
အသုံးပြုတာတွေ့ရတယ်။ အကျယ်ထပ်ဖွင့်ပြတာက သတ္တာနံ သရီရံ ဆိယတိ ဥပသမေတီတိ ဆာယာ တဲ့ ရောက်လာတဲ့သူတွေကို
အေးစေတတ်လို့ အရိပ်တဲ့။ ဆာယာ အနုပါယိနီ ဆိုတဲ့စကားတောင်ရှိပါရော။ ကိုယ့်အရိပ်က ကိုယ့်နောက်လိုက်ပါတတ်သလို ကုသိုလ်က
လိုက်ပါတတ်ပုံကို ပြောတာပါ။
No comments:
Post a Comment