အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။
Monday, 6 July 2015
ဝါဆိုသင်္ကန်းကပ်လှူခြင်း
ရဟန်းများကို ဘုရားရှင်က ဝါဆိုဝါကပ် ခွင့်ပြုတော်မူပြီးနောက် နှစ်အတန်ကြာ
တွင် ဘုရားရှင်ကလူတို့လှူဒါန်း သော သင်္ကန်းကို ခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်း လှူဒါန်းလိုသော
သူတို့သည် ဝါဆိုဝါကပ်ကြသော ရဟန်းများကို ဝါဆိုချိန် ဝါတွင်းအချိန် ဝါကျွတ်ခါနီးအချိန် 
တို့၌ဝါဆိုသင်္ကန်းကို
ကပ်လှူကြပါသည်။ ဝါဆိုသင်္ကန်းများကိုစေတနာ သုံးတန် ပြဋ္ဌာန်းပြီး ဤကျောင်းတိုက်မှာ
ဝါကပ်တော်မူကြသော သံဃာတော်အရှင်မြတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
ပရိယတ္တိအကျင့်၊ ပဋိပတ္တိအကျင့်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ရန်အတွက်
သင်္ကန်းကိစ္စနှင့်ပတ်သက်၍ ပူပင်ကြောင့်ကျမှု မရှိစေရန် ဝါဆိုသင်္ကန်း အဖြစ်ဖြင့် လှူဒါန်းနိုင်ကြပါသည်။
ဆရာတော်အရှင်ဇနကာဘိဝံသမိန့်ဆိုချက်
ဝဿာ ဝါသိကံ
ဝဿံ -ဝါလပတ်လုံး+အာဝါသော ယဿာ တိ ဝဿာ ဝါသော-ဝါလပတ်လုံး နေခြင်းရှိသော ရဟန်း၊
ဝဿာ ဝါသဿ + ဒိန္နံ ဝဿာ ဝါသိကံ-ဝါလပတ်လုံး နေခြင်းရှိသော ရဟန်းအား လှူအပ်သော သင်္ကန်း၊
ယခုကာလ၌ ဝါဆိုခါနီး လှူလေ့ရှိကြ၏။ ထိုသင်္ကန်းကို '' ဝိဿဝါ သိက''
ဟုလည်း အချို့က ခေါ်ကြ၏၊ အမှန်ကား '' ဝါတွင်း၌ နေသော ရဟန်းအား ဝါကျွတ်မှ ဖြစ်စေ၊
ဝါကျွတ်သောအခါ သုံးစွဲရန် ဝါတွင်း၌ ဖြစ်စေ လှူအပ်သော သင်္ကန်းကိုသာဝဿာ ဝါသိကသင်္ကန်း''
ဟုခေါ်သည်။
Saturday, 4 July 2015
ဝါဆိုအကြောင်းသိကောင်းစရာ
ဝဿာ ဝါသ - ဝါဆိုခြင်း၊ ဝါကပ်ခြင်း၊မိုးသုံးလအတွင်း ဝါဆိုသည့် ကျောင်းတိုက် အာရာမ်တွင်းမှာ
နေရခြင်း။ဝါဆိုမှုသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင်ရှိခဲ့သည်။ ဝါဆို၊ ဝါကပ် ဥပဒေ
မပညတ်မီက ရဟန်းများသည် ဥတုသုံးလီ နေပူ၊မိုးရွာမရှောင်လှည့်လည် 
သွားလာနေခဲ့ကြသည်။ မိုးကာလ လူတို့စိုက်ပျိုးထားသော စိုက်ပျိုးပင်များကိုရဟန်းတို့ ကျော်ဖြတ် 
နင်းကြသဖြင့် စိုက်ပျိုးပင်များ ပျက်ဆီးသောကြောင့် လူတို့ကရဟန်းများကိုကဲ့ရဲ့ကြသည်။
မြက်သစ်ပင်၊ရေပေါက်ငယ်များ ကိုပင် အသက်ရှိသည်ဟု ယူဆသူများလည်း ရှိနေသည်။ အဘယ့်ကြောင့် 
ဘုရားသားတော် ရဟန်းများသည် အပင်ငယ် များနှင့် ပိုးမွှား များကို နင်းခြေဖျက်ဆီးလျှက် တစ် 
နှစ်ပတ်လုံး ခရီးသွားနေကြပါသနည်း။ သာသနာပြင်ပ တိတ္ထိတို့သော်မှ မိုးဥတုတွင် ခရီးမထွက်ပဲ 
ကြောင့်ကြမဲ့ နေနိုင်ကြသည်။ ယုတ်စွအဆုံးငှက် တိရစ္ဆာန်တို့သော်မှ မိုးကာလတွင် အသိုက်၌နေကြသည်။ 
အပင်ငယ်များ၊ သတ္တဝါငယ်လေးများ ပျက်ဆီး သေကြေကြရသည်ဟု ကဲ့ရဲ့ ပြစ်တင် ရှုံ့ချကြသည်။ 
ထို့ကြောင့် ဘုရားရှင်က ရဟန်းတော်များ မိုးသုံးလကာလပတ်လုံး ခရီးမထွက်ရသော ဝါဆို ဝါကပ် 
ဥပဒေကို ပညတ်ခဲ့ရသည်။ 
ဝါကပ်ခြင်းနှစ်မျိုးရှိသည် (၁) ပုရိမဝဿာ ဝါသ - ပထမဝါကပ်ခြင်း၊ 
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍သီတင်းကျွတ် လပြည့်နေ့တွင် ဝါကျွတ်သည်။ (၂) ပစ္ဆိမဝဿာ 
ဝါသ - ဒုတိယဝါကပ်ခြင်း၊ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ တန်ဆောင်မုန်းလပြည့်နေ့တွင် 
ဝါကျွတ်သည်။
Thursday, 2 July 2015
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၊စေတီလုံကျောင်းမှ မြန်မာမှုလက်ရာများနှင့်စေတီ
ထိုင်းနိုင်ငံ၊ချင်းရိုင်းမြို့မှဘုရားဖြူ
ရဟန်းသံဃာ အိမ်ကြွလာခြင်း အကျိုးငါးပါး
၁၊၊ သီလရှိသော ရဟန်းအိမ်သို့ ကြွသည်ရှိသော် လူတိုင်းမြင်၍ စိတ်ကြည်လင် ရုံမျှ ဖြစ်သော အခါ
     ထိုအိမ်သည် နတ်ပြည်ရောက်စေသော အကျင့်ကို ကျင့်သည်မည်ခြင်း၊
၂၊၊ ခရီးဦး ကြိုဆိုကြ ရှိခိုးဦးချကြ နေရာထိုင်ခင်းပေးသော အခါ ထိုအိမ်သည် မြင့်မြတ်သော အမျိုး၌
     ဖြစ်စေသောအကျင့်ကို ကျင့်သည်မည်ခြင်း၊၊
၃၊၊ နေရာထိုင်ခင်းစသည်တို့၌ မစ္ဆရိယအညစ်အကြေးကင်းကွာသောအခါ ထိုအိမ်သည် တန်ခိုးကြီးသော
    အကျင့်ကို ကျင့်သည်မည်ခြင်း၊၊
၎၊၊ စွမ်းအား ရှိသလောက် ခွဲဝေလှူဒါန်းသော အခါ ထိုအိမ်သည် ဥစ္စာပေါများစေသော အကျင့်ကို
    ကျင့်သည် မည်ခြင်း၊၊
၅၊၊ မေးမြန်း လျှောက်ထား မှတ်သားနာယူကြသော အခါ ထိုအိမ်သည် အသိဉာဏ်ပညာ ကြီးပွားစေသော
     အကျင့်ကို ကျင့်သည်မည်ခြင်းတို့ဖြစ်ပါသည်၊၊
( အင်္ဂ္ဂုတ္တိုရ် ပဉ္စကနိပါတ် ကုလသုတ် )
ဆောင်၊၊ ၊၊ ရဟန်းသံဃာ အိမ်ကြွလာ၊ ငါးဖြာ လာဘ်ကောင်းမှန်၊ မြင့်မြတ် အမျိုး၊ နတ် တန်ခိုး၊
             ပွါးတိုး ဥစ္စာ ဉာဏ်၊၊
            သတ္တဝါမှန်သရွေ့ တရားတွေ့ချမ်းမြေ့သာယာရှိပါစေ.....!
ချင်းမိုင်မြို့တောင်ပေါ်ဘုရား
မန္တလေးမြို့ရဲ့အလှ
Thursday, 25 June 2015
နတ်ပင့်
သမန္တာ စက္ကဝါဠေသု ၊ အတြာ ဂစ္ဆန္တု ဒေဝတာ။
သဒ္ဓမ္မံ မုနိရာဇဿ ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
သမန္တာ - လေးကျွန်းဒိသာ စက္ကဝါဝန်းပတ် ထက်ဝန်းကျင်အရပ်မှ။ စက္ကဝါဠေသု - ရေတွက်ပိုင်းခြား
ဂဏန်းထားက များပြားဘိတောင်း တစ်သောင်းသော စကြာဝဠာတို၌။ ဝသန္တာ - ဒေဝိဒ္ဓိဂုဏ် စုံလင်ညီမျှ
နေထိုင်ကြကုန်သော။ ဒေဝတာ - တန်ခိုးတေဇော် အနုဘော်နှင့် ရှိန်စော်ကြီးမား နတ်အများတို့သည်။
အတြာ - ( ဓမ္မစကြာ ) ဒေသနာတောကို သေချာရွတ်မည် စိတ်ကရည်၍ ကြံစည်ပါရ ဤ (…………….)
ဌာနသို့။
စိန်ရောင်ခြည် ဘုရားပင့်
အင်္ဂီရသဿ ဥဏ္ဏာယ ၊ ဒါဌာဟိ သေတရံသိယော။
ဝဇိရာဝ ဝိရောစန္တိ ၊ ဇိနော မေ ဌာတု သီသကေ။
အင်္ဂီရသဿ၊ အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြိုးစား၍ သုံးပါးဆယ်လီ ပါရမီတော်အဟုန်
စာဂီတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံ ကွန့်မြူးလျှက် “ အင်္ဂီရသ ” ဆိုတဲ့ဘွဲ့ထူးကို အံ့ကျူးခံ့ခိုင်
ဖက်မပြိုင်နိုင်အောင် လက်ကိုင်ရရှိတော်မူသော ဘုရားရှင် ကိုယ်တော် မြတ်ကြီး၏။ ဘမုကန္တရေ၊
မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌။ သဉ္ဇာတာယ၊ နုဖြူထွားထွား ကောင်းစွာပေါက်ဖွား
ဖြစ်ပေါ်၍လာတော် မူသော။ ဥဏ္ဏာယစ၊ ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့်ရှည်လျှားသဖြင့် စိန်သား
နှစ်အသွင်ငွေနန်းချည် အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်ခွေရုံ စိန်ကြယ်ပွင့် အနေပုံလို ဥဏ္ဏလုံးခေါ်
မွေးရှင်တော်ဓာတ် လွန်ထူးမြတ်သည့် အရပ်တော်မှလည်းကောင်း။ ဒါဌာဟိ စ၊ ပတ္တမြားခေါင်ရမ်း
နှင်းဆီပန်းကဲ့သို့ နီမြန်းသောနှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင်ဖုံး ပိတ်၍ထားအပ်သော
သွားတော်လေးဆယ်
Wednesday, 24 June 2015
မြန်မာသက္ကရာဇ် ဖြစ်လာပုံ
သက္ကရာဇ်
သက္ကရာဇ်ဆိုသည်မှာ အချိန်ကာလကို အမှတ်အသားတစ်ခုအနေဖြင့် သတ်မှတ်ထားသော 
စံတစ်ခုဖြစ်ပေသည်။ အချိန် ၂၄-နာရီကို တစ်ရက်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း ၃၆၅-ရက်ကို 
တစ်နှစ်ဟုသတ်မှတ်သည်။ တစ်နှစ်ကို သက္ကရာဇ် တစ်ဟု သတ်မှတ်သည်။
သက္ကရာဇ် (၅)မျိုး
  • မဟာ သက္ကရာဇ်။
  • သာသနာ သက္ကရာဇ်။
  • ကောဇာ သက္ကရာဇ်၊ မြန်မာ သက္ကရာဇ်။
  • ခရစ် သက္ကရာဇ် (ဘီစီ)။
  • ခရစ် သက္ကရာဇ် (အေဒီ)။ 
(၁) မဟာ သက္ကရာဇ် = ဂေါတမဘုရားရှင်၏ ဘိုးတော် (သီရိမဟာ မာယာဒေ၀ီ၏ ခမည်းတော်) ဒေ၀ဒဟ
 ပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးသည် ဒိဗ္ဗစက္ခုအဘိညာဉ် ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်ပြီး မိမိလက်ထက်၌ 
ရောက်ဆဲဖြစ်သော သက္ကရာဇ် (၈၆၄၅)ခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီးလျှင် 
တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ် တစ်ခု ထားလေသည်။ ထိုသက္ကရာဇ်ကို 
မဟာသက္ကရာဇ်ဟု ခေါ်တွင်လေ သည်။ ထိုအချိန်သည် မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် 
အလိုဖြစ်သည်။ ဂေါတမ ဘုရားရှင် ၏ သက်တော် (၈၀)နှင့်ပေါင်းသော မဟာ သက္ကရာဇ်၏ သက်တမ်းမှာ 
(၁၄၈)နှစ်သာ ရှိသည်။ ထို ၁၄၈ နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စ၍တွက်သည်။
(၂) သာသနာ သက္ကရာဇ် = မဟာ သက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သို့ ရောက်သော အခါ 
ဂေါတမဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသည်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုဟ် 
ပြည့်ရှင်ဘုရင် အဇာတသတ် ကြီးကြပ်၍ ပထမသင်္ဂါယနာတင်တော်မူပြီးနောက် သက္ကရာဇ် (၁၄၈)ကို 
ဖြိုခွင်းပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ကြွင်းထားခဲ့သည်။ ထိုမှစ၍ သာသနာသက္ကရာဇ် 
ပေါ်ပေါက်လာသည်။
(၃) ကောဇာ သက္ကရာဇ်၊ မြန်မာ သက္ကရာဇ် = သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှ စ၍ 
ရေတွက်သည်။ (လက်ရှိ မြန်မာ ပြက္ခဒိန်)
(၄) ခရစ် သက္ကရာဇ် (ဘီစီ) = ခရစ်တော် မပေါ်မီကာလ နောက်ကို ရေတွက်သည်။
(၅) ခရစ် သက္ကရာဇ် (အေဒီ) = ခရစ်တော် ပေါ်ပြီးနှစ်မှစ၍ အစဉ်အတိုင်း ရေ တွက်သော နှစ်များ 
ဖြစ်သည်။ (လက်ရှိ အင်္ဂလိပ် ပြက္ခဒိန်)
သက္ကရာဇ် ဖြိုခြင်း အစ
အမျှဝေရန်
ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့် 
ဖခင်တို့အား၊ ရငြားပါစေ အမျှဝေ၏။
မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေလတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။
မိတ္တဆွေဉာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ 
မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။
သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဋ္ဌိတိ၊ 
တည်ရှိခုနှစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။
ထိုထိုကုသလ၊ ဤပုညကို၊ အမျှရကြသည်၊ ဖြစ်စေသော်ဝ်။ ဝဿုန္ဒရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ 
သက်သေအမှု၊ တည်စေသော်ဝ်။
အမျှ၊ အမျှ၊ အမျှ၊ ယူတော်မူကြပါကုန်လော့။
သာဓု - သာဓု - သာဓု
မေတ္တာသုတ်လာ မေတ္တာပို့နည်း - ၁၁ - နည်း
၁။ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ ၂ရပ်များစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ ၂ရပ်များစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၎။ ဝေးနေနီးနေ၊ ၂ထွေများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၆။ ရှည်တိုအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၇။ ကြီးငယ်အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။ ဆူကြုံအလတ်၊ သုံးရပ်ကခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
မိမိဆန္ဒရှိသလို တစ်ဦးချင်း မေတ္တာဆက်ပို့ ရန်........
Tuesday, 23 June 2015
ဘုရားရှိခိုး
သြကာသ၊ သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ ၊သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို 
ပျောက်ပါစေခြင်းအကျိုးငှာ ပထမ ၊ ဒုတိယ ၊ တတိယ၊တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် 
ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် 
လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။
    ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ 
ဝိပတ္တိတရားလေးပါး ၊ဗျဿနတရားငါးပါး တို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗာန်ချမ်းသာ 
တရားတောာ်မြတ်ကို ရပါလို၏ အရှင်ဘုရား။
Sunday, 21 June 2015
အနန္တော အနန္တငါးပါး ဘုရားရှိခိုး
`ဗုဒ္ဓဂုဏော အနန္တော´ ဟု ကျော်ဇောထင်ရှား၊ သုံးပါးရပ်လူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသာခေါင်၊ နိဗ္ဗာန်သောင်သို့၊ ရွှေဖောင်မဂ္ဂင်၊ သဘောင်္ယာဉ်ဖြင့်၊ ကယ်တင်ဆောင်ယူ၊ ပို့တော်မူသည့်၊ နတ်လူတို့ထိပ်ပန်း ရဟန်းတို့ဆရာ၊ အစိန္တေယျဟု၊ အနန္တဂုဏ်အင်၊ ကျေးဇူးရှင်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။ 
`ဓမ္မဂုဏော အနန္တော´ ဟု တည်သောကမ္ဘာ၊ သတ္တာဝါလူနတ်၊ အထပ်ထပ်ကို၊ လေးမြတ်ကြင်နာ၊ အ၀ိဇ္ဇာနှင့်တဏှာသံယော၊ ကိလေတောမှ၊ ဆေးကြောသုတ်သင်၊ မြူမတင်အောင်၊ ရှောင်ကြဉ်ပေတတ်၊ တရားတော်မြတ်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။
`သံဃဂုဏော အနန္တော´ ဟု လောဘ ဒေါသ၊ မောဟ၊ ကင်းကွာ၊ တဏှာကာမ၊ ကိလေသာနှင့်၊ ရာဂအမိုက်၊ နှစ်ခြိုက်မပျော်၊ မမွေ့လျော်ပဲ ရှင်တော်ဟောကြားမြတ်တရားကို၊ မှတ်သားကြည်ညို၊ မဂ်ဖိုနိဗ္ဗာန်၊ ရောက်ကြောင်းမှန်သည်၊ မြတ်မွန်ထေရ်ကျော်၊ သံဃာတော်တို့ ဂုဏ်တော်ကြီးလှ၊ အနန္တကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။ 
`မာတာပိတုဂုဏော အနန္တော´ ဟု အပြောကျယ်စွာ၊ သံသရာဝယ်၊ မာတာပိတ၊ မိနှင့်ဘတို့၊ ရေကြည်ကလလ၊ တည်ဦးစက ချိုချဉ်ပူစပ်၊ ရှင်းရှင်းပြတ်အောင်၊ မပြတ်ယုယမိဘတို့မှာ၊ စိုးရိမ်စွာဖြင့်၊ အစားဆိမ့်အေး နို့ချိုပေး၍၊ ကျွေးသည့်မိခင်၊ မွေးဘရှင်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။
`အာစရိယဂုဏော အနန္တော´ ဟု မိန့်ဟောအရ ကောက်ယူပြသော်၊ နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း မေတ္တာလောင်း၍၊ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွတ်သံချို၊ ဆုံးမဆိုသား၊ အဟိုများစွာ၊ သံသရာဝယ်၊ သုံးသွယ်သောကပ်၊ လေးရပ်အပါယ်၊ ရှစ်သွယ်ရပ်ဖြစ်၊ ဆိုးညစ်ယုတ်မာ၊ ပယ်စွန့်ခွာ၍၊ ခေမာဘုမ္မိ၊ ဘေးမရှိသည့်၊ သန္တိသုခ၊ မုချဧကန်၊ နိဗ္ဗာန်အရောက်၊ ညွှန်ထောက်သွန်သင်၊ ပဲ့ပြင်ပေးတတ်၊ ဆရာမြတ်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။
Friday, 19 June 2015
ဗုဒ္ဓဘာသာဝင်ငါးမျိုး
ဗုဒ္ဓဘာသာ ဝင်ငါးမျိုးရှိပါ တယ်။
(၁) ကုလ ဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)။
(၂) လာဘ ဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)။
(၃) ဘယ ဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)။
      အထက်ပါ သုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ (သဒ္ဓါတရားကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)။
(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)။
ဗုဒ္ဓဘာသာဝင်
ဗုဒ္ဓဘာသာဝင်ဖြစ်သူသည်
၁။ ရှေးဦးစွာ သရဏံဂုံ ၃ပါးကို ဆောက်တည်ရ၏။
၂။ သရဏံဂုံတည်လျှင် ငါးပါးသီလကိုလည်း စောင့်ထိန်းရ၏။
၃။ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကိုလည်း ဆောင်ရ၏။
၎။ ဒါန သီလ ဘာဝနာ စသော ပုညကြိယဝတ္ထု ၁၀ပါး ကိုလည်း နားလည်ရ ပြုလည်းပြုကျင့်ရ၏။
၅။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ နတ် စသော ပရလောက အကြောင်းကိုလည်း နားလည်ရ၏။
၆။ သြကာသမှစ၍ ငါးပါး ရှစ်ပါးသီလများကို ခံယူတတ်ရ၏။
၇။ မေတ္တာ စသော ဗြဟ္မစိုရ်တရားကိုလည်း နားလည်ရ၏။
၈။ ရတနာ ၃ပါး အကြောင်းကို နည်းနည်းပါးပါးမှ စ၍ များနိုင်သမျှ များအောင် သိဖို့ရန်လည်း လေ့လာရ၏။
၉။ လူတို့၏ ကျင့်ဖွယ် အတော်များစွာ ပါသော မင်္ဂလသုတ် အဓိပ္ပါယ်ကိုလည်း အတော်အတန်      နားလည်ရ၏။
၁၀။ ကံ - ကံ၏ အကျိုးကိုလည်း ထိုက်တန်သမျှ နားလည်ရ၏။
ဤမျှအထိ နားလည်လျှင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များအတွက် ပြည့်စုံလုံလောက်ပါပြီ၊ သို့သော် 
စွမ်းနိုင်လျှင် သံသရာအကြောင်း ကောင်းကောင်း သိဖို့ရာ တစ်ဆင့်တက်၍
၁၁။ ရုပ် နာမ်တို့၏ အဖြစ်အပျက်ကိုလည်း နားလည်ရ၏။
၁၂။ သံသရာ ကျင်လည်ရပုံ (ပဋိစ္စသမုပ္ပါဒ်) နှင့် သံသရာမှ လွတ်မြောက်ပုံကိုလည်း နားလည်ရ၏။
(တောင်မြို့ဆရာတော် )
ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ
ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။ 
ကြည်ညိုသူက ဟောညွှန်ပြမှ စိတ်ကနှစ်ခြိုက် လိုက်ကြသည်။
        ဂုဏ်တော် တန်တန်မှန်မှန်ရလို့ ခဏခဏ ရွတ်သင့်သည်။
အကျိုးနှင့်ကံ ဝေဘန်တတ်မှ ကံကောင်းကံမြတ် ပြုလိမ့်မည်။
(တောင်မြို့ဆရာတော် )
ဗုဒ္ဓဘာသာဝင်ကောင်း
သရဏဂုံ တည်ရုံမျှဖြင့် ဥပါသက ဖြစ်ပါပြီ၊
ကိုယ်ကျင့်သိက္ခာ လုံခြုံကြဖို့ ငါးပါးသီလ ပဉ္စသီ။
ဒုစရိုက်တွေ ရှောင်သွေခွဲလို့ သုစရိုက်လဲ စုံအညီ၊
ဆွမ်းပန်းရေတော် မီးတော်ကပ်၍ နေ့စဉ်မလပ်
                                       ပြုသင့်သည်။
                                           (တောင်မြို့ဆရာတော်)
ဓမ္မပဒ - ၄၂
ဒိသော ဒိသံ ယံ တံ ကယိရာ၊ ဝေရီ ၀ါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။ (ဓမ္မပဒ ၄၂)
ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို(မြင်သော်) ပျက်စီးအောင် ပြုရာ၏၊ ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို(မြင်သော်) ပျက်စီးအောင် ပြုရာ၏၊ မကောင်းသဖြင့် ထားအပ်သောစိတ်သည်ကား ထို စိတ်ရှိသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုနိုင်၏။ (ဓမ္မပဒ ၄၂)
What an enemy may do to an enemy, or a hater to a hater, but a man's own mind, if wrongly directed, can do him a far greater harm.(Dhammapada No,42)
Wednesday, 17 June 2015
စာသင်ခုံ(၅) ခုံ အလှူ
Facebookပေါ်မှ နှလုံးသားလှ ပရဟိတအဖွဲ့မှ
ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးများ အေးချမ်းစွာ စာသင်ကြားနိုင်ရန်
စာသင်ခုံ ၅ခုံအတွက်အလှူတော်ငွေ ၂သိန်း ၂သောင်း ၅ထောင်ကျပ် ကို အရှင်ကောဝိဒဓဇက  
ထန်းငယ်တောဆရာတော် သာသနာ့တက္ကသိုလ် အဆောင်၁၆မှူး ထံ လှူဒါန်းခဲ့ပါသည်။
ပရဟိတလုပ်ငန်းများ အဆင်ပြေပြေ အောင်မြင်စွာ ဆက်လက် လုပ်ဆောင်နိုင်ပါစေ။
ထငတ ဘက
နွားထိုးကြီးမြို့
11.6.15
Facebookပေါ်မှ နှလုံးသားလှ ပရဟိတအဖွဲ့မှ ဆရာတော် အရှင်ကောဝိဒဓဇက 
''ဘာမှ မလုပ်ရင် ဘာမှ မရဘူး'' တဲ့။
''ဘာမှ မလုပ်ရင် ဘာမှ မရဘူး'' တဲ့။
မန္တလေး သာသနာ့တက္ကသိုလ် ဒုတိယနှစ် စာသင်သား ရဟန်းတော်များကို ပါဠိစာပေ ပို့ချရင်း
(သစေ ၀ါကျ = ပရိကပ္ပ၀ါကျ) တကယ်လို့ ....ဆိုရင်
အင်္ဂလိပ်မှာ If Pattern ပါ။ အဲဒီဝါကျ ရေးသားနည်းကို သင်ရင်း
သုဝီရသုတ်က သစေ နဲ့ ရေးထားတဲ့ ဂါထာလေးက ကောင်းလွန်းလို့
ပြောပြဖြစ်လိုက်တယ်။
ကျောင်းဆောင်အတွက် ကျပ်တစ်သိန်းအလှူရှင် ဆရာ ဦးရဲနိုင် + ဆရာမ ဒေါ်ညိမ်းညိမ်းလွင်
ကျောင်းဆောင်အတွက် ကျပ်တစ်သိန်း လှူဒါန်း
ကွယ်လွန်သူများဖြစ်ကြသော ဖခင် ဦးခင်မောင်လွင် (သား) သွင်ထူးလွင်တို့အား ရည်စူး၍
ပုသိမ်ကြီးမြို့နေ ဆရာ ဦးရဲနိုင်+ဆရာမ ဒေါ်ညိမ်းညိမ်းလွင် မိသားစုတို့က
ပညာဂုဏ်ရောင် စာသင်ကျောင်းဆောင်အတွက် ထန်းငယ်တော ဆရာတော်ထံ ငွေကျပ်တစ်သိန်း 
လှူဒါန်းခဲ့ပါသည်။
ဖခင်နှင့်သားဖြစ်သူတို့ သုဂတိဘုံဌာနသို့ ရောက်ကြပါစေ။
အလှူရှင်မိသားစုတို့လည်း  ဘယာဝေးလို့ ရတနာသူဌေးကြီးများ ဖြစ်ကြပါစေလို့ .....
ထန်းငယ်ကျောင်းတိုက်ဆရားတော် နှင့် တပည့်များက ဆုတောင်းမေတ္တာပိုသလိုက်ပါသည်။
ကျွန်ုပ် ၄ တန်း တုန်းက ချစ်ဆရာ ကိုရဲနိုင်ဦး ပါ။
ထငတ ဘက
နွားထိုးကြီးမြို့
12.6.15
ဆရာ ဦးရဲနိုင် + ဆရာမ ဒေါ်ညိမ်းညိမ်းလွင်
ဘုရားဒါယကာ ဦးမောင်သန်း + ဘုရားဒါယိကာမ ဒေါ်ကြင်ဆိုင်
ဘုရားခန်းအလှူရှင်
နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက် နေ
ဘုရားဒါယကာ ဦးမောင်သန်း + ဘုရားဒါယိကာမ ဒေါ်ကြင်ဆိုင်
( သန့် ) မိသားစုတို့မှလှူဒါန်းပူဇော်ပါသည်။
သံဃာစင် ၊မျက်နှာကျက် နှင့် ပါကေးခင်း ကိုလည်းလှူဒါန်းပါသည်။
အလှူရှင်မိသားတစ်စု ဘယာဝေးလို့ ရတနာသူဌေးကြီးများ ဖြစ်ကြပါစေလို့ .....
ထန်းငယ်ကျောင်းတိုက်ဆရာတော် နှင့် တပည့်များက ဆုတောင်းမေတ္တာပိုသလိုက်ပါသည်။
ထန်းငယ်တော ဘ/က
17.6.15
ဘုရားဒါယကာ ဦးမောင်သန်း + ဘုရားဒါယိကာမ ဒေါ်ကြင်ဆိုင် မိသားစုတို့မှလှူဒါန်းပူဇော်ပါသည်။
ဘုရားဒါယကာ ဦးမောင်သန်း + ဘုရားဒါယိကာမ ဒေါ်ကြင်ဆိုင် မိသားစုတို့မှလှူဒါန်းပူဇော်ပါသည်။
ဘုရားဒါယကာ ဦးမောင်သန်း + ဘုရားဒါယိကာမ ဒေါ်ကြင်ဆိုင် မိသားစုတို့မှလှူဒါန်းပူဇော်ပါသည်။
Thursday, 4 June 2015
(၃၃)ကြိမ်မြောက် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အမှတ်တရ
ကျောင်းဖွင့်ပြီလေ
ပျော်ပျော်ရွှင်ရွှင် သူတို့စာသင်
ကျာင်းဖွင့်တာ ၃ရက် ရှိပါပြီ
ဒီနေ့ နေ အရမ်း ပူပါသည်။
သူတို့ကို ကြည့်ပြီး ကျေးဇူးတင်မိပါသည်။
ကိုယ့်အလုပ် ကိုယ် လုပ်နေကြလို့။
ထန်းငယ်တော ဘက
အမှတ်(၁)ရပ်၊ နွားထိုးကြီးမြို့။
ဘုရားခန်း နှင့် သံဃာစင် အလှူ ရှင် ဦးမောင်သန်း+ဒ်ါကြင်ဆိုင်၊ ဦးဥာဏ်မော်+ဒ်ါအေးဆုမွန် (သမီး) မဖြူစင်ရှင်းသန့် မိသားစု
မြောက်တိုက်ကျောင်းထဲ ဘုရားခန်း လုပ်နေပါသည်။
ယခု ပလ္လင် စတင် လုပ်နေပါသည်။
အရင်က စာသင်ကျောင်း သီးသန့် ဆောက်ခဲ့တာပါ။
နောက်တစ်ဆောင် ဆောက်နေပြီ ဖြစ်တဲ့အတွက် ဥပုသ်နေ့တွေ
တရားပွဲတွေ အခမ်းနားတွေအတွက် ဘုရား ရုပ်ပွားတော် ပင့်နေရလို့
ခုလို ဘုရားခန်း ပြုလုပ်နေရတာပါ။
စာသင်ခန်း အဖြစ်လည်း သုံးနေဦးမှာပါ။
တစ်ဖက်က လိုအပ်တဲ့ လုံလောက်တဲ့ ကျောင်းဆောင် မပြည့်စုံသေးသမျှ
ဒီထဲမှာ စာသင်နေရဦးမှာပါ။မကျေနပ်ဘူးဆိုရင် လှူပေါ့ လို့ ဟာသအဖြစ်နဲ့ အတည်ပေါက် နောက်လိုက်ပါတယ်။
ခု ဘုရားခန်း နှင့် သံဃာစင် အလှူရှင်ကတော့နွားထိုးကြီးမြို့ အမှတ်၁ရပ်နေ
ဦးမောင်သန်း+ဒ်ါကြင်ဆိုင်
ဦးဥာဏ်မော်+ဒ်ါအေးဆုမွန်
(သမီး) မဖြူစင်ရှင်းသန့် မိသားစုတို့ ဖြစ်ပါတယ်။
ထန်းငယ်တော ဘက
အမှတ်(၁)ရပ်ကွက်၊
နွားထိုးကြီးမြို့။
ဖုန်း-၀၆၆-၈၀၃၆၃
ဦးမောင်သန်း+ဒ်ါကြင်ဆိုင်၊ ဦးဥာဏ်မော်+ဒ်ါအေးဆုမွန် (သမီး) မဖြူစင်ရှင်းသန့် မိသားစုတို့၏ဘုရားခန်းအလှူ
Monday, 1 June 2015
ကွန်ပျူတာ အလှူ
ဦးစိုင်းဝမ်း မိသားစု နှင့်
ဒေါ်မီးမီး မိသားစု ချင်းမိုင်မြို့(ဇင်းမယ်မြို့၊ထိုင်းနိုင်ငံ မှ
နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်
ထန်းငယ်တော ဘကကျောင်းသို့
ကွန်ပျူတာ (၆)စုံ လှူဒါန်းခဲ့ပါသည်။
မောနီတာအနေနဲ့ (၇)လုံးပါ။
ဦးပညာစက္က ဝပ်ဆိုင်းမွန်မြန်မာကျောင်းတိုက်၊ ချင်းမိုင်းမြို့(ဇင်းမယ်မြို့) ထိုင်းနိုင်ငံ မှ တစ်စုံ
လှူဒါန်းပါသည်။ အားလုံး(၈)လုံး ပါ။
ခု လောလောဆယ် (၇) စုံ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။
ဆက်လက် တပ်ဆင်ပြီး ကျောင်းသားများကို သင်ပေးသွားမှာ ဖြစ်ပါတယ်။
ထန်းငယ်တော ဘက ကွန်ပျူတာသင်တန်း 
ထန်းငယ်တော ဘက ကွန်ပျူတာသင်တန်း 
ထန်းငယ်တော ဘက ကွန်ပျူတာသင်တန်း 
ထန်းငယ်တော ဘက ကွန်ပျူတာသင်တန်း 
အမှတ်တရ
အမှတ်တရ
နှစ်သိမ့်ဆု ကလေးများ
ကွန်ပျူတာသင်တန်းဆင်း ကလေးများ
ဆရာ ဆရာမများ အဖွဲ့ဝင် လူကြီးများ အမှတ်တရ
ထန်းငယ်တော ဘက
အမှတ်(၁)ရပ်ကွက်၊နွားထိုးကြီးမြို့။
သင်တန်းဆင်း ကျောင်းသား၊သူများနှင့်ဆရာ၊မများ
သင်တန်းဆင်း ကျောင်းသား၊သူများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့လူကြီးများ
သင်တန်းဆင်း ကျောင်းသား၊သူများနှင့်ဆရာ၊မများ
နောက်ဆုံး စာမေးပွဲ
နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း နှင့်
အခြေခံ အင်္ဂလိပ်စာသင်တန်း
နောက်ဆုံး စာမေးပွဲ ဖြေဆိုနေကြသည်။
သူတို့ ကြိုးစားနေကြသည်။
သူတို့ အဆင်ပြေမှာပါ။
သူတို့ အောင်မြင်ပြီးသားပါ။
ယဉ်ကျေးမှုသင်တန်း တက်ပြီး ဗုဒ္ဓစာပေတွေကို သင်ယူထားလို့။ ။
ထန်းငယ်တော ဘက
အမှတ် (၁) ရပ်၊နွားထိုးကြီးမြို့။
အခြေခံ အင်္ဂလိပ်စာသင်တန်း နောက်ဆုံး စာမေးပွဲ 
အခြေခံ အင်္ဂလိပ်စာသင်တန်း နောက်ဆုံး စာမေးပွဲ 
အခြေခံ အင်္ဂလိပ်စာသင်တန်း နောက်ဆုံး စာမေးပွဲ 
အခြေခံ အင်္ဂလိပ်စာသင်တန်း နောက်ဆုံး စာမေးပွဲ 
(၃၃) ကြိမ်မြောက် ယဉ်ကျေးမှုသင်တန်း
(၃၃) ကြိမ်မြောက် ယဉ်ကျေးမှုသင်တန်း ဆုပေးဖို့
အပြေးအလွှား ပြင်ဆင်နေတာပါ။
ဆုတံဆိပ် ဘောင် အောင်လက်မှတ် စတဲ့
ဆုနှင်းသဘင်အတွက် မန်းလေးနဲ့ နထိုး ပြေးနေရတယ်။
အကြိုမောနဲ့ ပျော်နေသူ ဆိုပါတော့။
ကဆုန်လဆန်း ၁၂
-ရက် 29.4.15 စာဖြေကြမယ်။
လပြည့်နေ့ 2.5.15;ဆုနှင်းသဘင် ကျင်းပပါမယ်။
ထန်းငယ်တော ဘက
နွားထိုးကြီးမြို့။
ယဉ်ကျေးမှု စာအုပ် အလှူတော်
ယဉ်ကျေးမှု စာအုပ် အလှူတော်
ဦးဇော်ဝင်းမြင့် ဒေါ်ရီရီမြင့်
သမီး မယုသိဂိ င်္သန့်
စင်္ကာပူနိုင်ငံ မိသားစုတို့က
ထန်းငယ်တောကျောင်း ယဉ်ကျေးမှုသင်တန်း စာအုပ် ကျောင်းမူ သင်ရိုး ပြုလုပ်နိုင်ရန် 
၁သိန်းကျပ် လှူဒါန်းခဲ့ပါသည်။မိသားစုကိုယ်စား မိခင်ကြီးက လှူဒါန်းပေးခဲ့ပါသည်။
ပထမအဆင့်အတွက် နောက်နှစ် ကိုယ်ပိုင်မူ ထုတ်နိုင်မှာ ဖြစ်ပါသည်။
ဒုတိယအဆင့်၊တတိယအဆင့်အတွက်လည်း စာများ ရှိနေပြီးသား ဖြစ်ပါသည်။
ကျောင်းကိုင် သင်ရိုးမူ ပြုလုပ်သွားမှာ ဖြစ်ပါသည်။
ဆရာတော်ကြီး၏ တပည့် အလှူရှင်မိသားစုကို သာဓုခေါ် ကျေးဇူးတင်ပါသည်။
ထန်းငယ်တော ဘက
နွားထိုးကြီးမြို့
17.4.15
နှစ်ဦးမှာကျောင်းလှူ
နှစ်ဦးမှာကျောင်းလှူ
နွားထိုးကြီးမြို့ အမှတ်(၁)ရပ်နေ
ဦးစိုးမြင့်+ဒေါ်အေးအေးမြင့် မိသားစုတို့က
ပညာဂုဏ်ရောင် ကျောင်းဆောင်အတွက် ကျပ်တစ်သိန်း လှူဒါန်းခဲ့ပါသည်။
နတ်လူ သာဓု ခေါ်စေသော်။
ထန်းငယ်တော ဘက
နွားထိုးကြီးမြို့။
ဦးစိုးမြင့်+ဒေါ်အေးအေးမြင့်
နွေနေ
နွေနေ
ဘယ်လောက် ပူပူ
သူတို့အတွက် လောက်
မပူဘူး ထင်။
မုန်တိုင်း
ဘယ်လို ရိုင်းရိုင်း
သူတို့ပေးတဲ့ ခွန်အားနဲ့
တွန်းလှန်လိုက်ချင်။
အင်္ဂလိပ်စာသင်တန်း
မနက်ခင်း ၈ခွဲ မှ ၉ခွဲ
အခြေခံမှ စပြီး အင်္ဂလိပ်စာ သင်ပေးနေတာပါ။ ၂ပတ် ရှိလာပါပြီ။
မကျီးကန်ရွာက ၁၀တန်း ဖြေပြီးသားတွေပါ။
ကွန်ပျူတာ တစ်ချိန်
အင်္ဂလိပ်စာ တစ်ချိန် သင်ပါတယ်။
တစ်ယောက်တည်း သင်တာလား ဆိုတော့ မဟုတ်ရပါ။
ကွန်ပျူတာက ကျောင်းက ဦးဇင်း ၂ပါးနဲ့ ဆရာက တာဝန်ယူထားပါတယ်။
ကိုယ်တို့ကတော့ ရှိပြီးသားလေး မပျောက်ရအောင် ပြန်သင်ပေးနေတာပါ။
ယူချင်စိတ်ရှိသူကို ပေးရတာ ပျော်ရတယ်။
မောတာကို ငြိမ်းချမ်းမှုနဲ့ အစားထိုးပေးကြတယ်ဗျာ။
ထန်းငယ်တော ဘက
နွားထိုးကြီးမြို့
4.4.15
ဒီပညာနဲ့ ဒီစိတ်ဓာတ်တွေကို အမွေပေးခဲ့ကြသည့် ဆရာများကို ရှိခိုး ဦတင် ပူဇော်ပါ၏။
အထူးသဖြင့်
မန္တလေး သာသနာ့တက္ကသိုလ် မှ ဆရာ အရှင်ဝိမလ ကထိက ဗုဒ္ဓဒေသနာ ပြန့်ပွားရေးဌာန (ယခု ဂျပန်)
ဓမ္မဓရ ဒေါက်တာ အရှင်ကုမာရ ကထိက အင်္ဂလိပ်စာပေဌာန [ယခု ဓမ္မဓရဝါဆိုကျောင်းတိုက် မန်းလေး တို့အား ရှိခိုးဦးခိုက် ပူဇော်ပါ၏။
သင်တန်းဆရာတော် ထန်းငယ်တောဘက ပဓာန နာယကဆရာတော် ဦးခေမိန္ဒ
သင်တန်းဆရာတော် ထန်းငယ်တောဘက ပဓာန နာယကဆရာတော် ဦးခေမိန္ဒ
သင်တန်းဆရာတော် ထန်းငယ်တောဘက ပဓာန နာယကဆရာတော် ဦးခေမိန္ဒ
ရှင်ပြုအလှူ
ရှင်ပြုအလှူ
နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ် ဆည်မြောင်း မြောက်ဘက်နေ
အလှူဒါယကာ ဦးမောင်မောင်ထွေး + အလှူဒါယိကာမ ဒေါ်ခင်စန်းရီ မိသားစုတို၏့ အလှူဖြစ်ပါသည်။
တန်ခူလဆန်း ၁၄ရက် မနေ့ညက အလှူအကြို ညတရားပွဲ မိုးသန်းထန်စွာ ရွာလို့ မဟောလိုက်ရ။
ဒီနေ့ 3.4.2015ဲအလှူကြီးနေ့တရားပဲ မိသားစုတွေကို ဟောပေးလိုက်ပါသည်။
အမှတ်(၄)ရပ်ကွက်၊နွားထိုးကြီးမြို့။
အလှူဒါယကာ ဦးမောင်မောင်ထွေး + အလှူဒါယိကာမ ဒေါ်ခင်စန်းရီ မိသားစု
အလှူဒါယကာ ဦးမောင်မောင်ထွေး + အလှူဒါယိကာမ ဒေါ်ခင်စန်းရီ မိသားစု
ရေခဲမုန့်အလှူ
ကိုရင်လေးတွေ ကို ရေခဲမုန့် အလိုရှိသလောက် ဆက်ကပ်ပါတယ်။
အလှူရှင်ကတော့
နွားထိုးကြီးမြို့ အမှတ်၁ရပ်ကွက်
ကိုရဲကျော်သူ + မနွယ်နွယ်အေး
သားလေး မောင်သန့်သူရိန်တို့ မိသားစုပါ။