
၁၊၊ သီလရှိသော ရဟန်းအိမ်သို့ ကြွသည်ရှိသော် လူတိုင်းမြင်၍ စိတ်ကြည်လင် ရုံမျှ ဖြစ်သော အခါ
ထိုအိမ်သည် နတ်ပြည်ရောက်စေသော အကျင့်ကို ကျင့်သည်မည်ခြင်း၊
၂၊၊ ခရီးဦး ကြိုဆိုကြ ရှိခိုးဦးချကြ နေရာထိုင်ခင်းပေးသော အခါ ထိုအိမ်သည် မြင့်မြတ်သော အမျိုး၌
ဖြစ်စေသောအကျင့်ကို ကျင့်သည်မည်ခြင်း၊၊
၃၊၊ နေရာထိုင်ခင်းစသည်တို့၌ မစ္ဆရိယအညစ်အကြေးကင်းကွာသောအခါ ထိုအိမ်သည် တန်ခိုးကြီးသော
အကျင့်ကို ကျင့်သည်မည်ခြင်း၊၊
၎၊၊ စွမ်းအား ရှိသလောက် ခွဲဝေလှူဒါန်းသော အခါ ထိုအိမ်သည် ဥစ္စာပေါများစေသော အကျင့်ကို
ကျင့်သည် မည်ခြင်း၊၊
၅၊၊ မေးမြန်း လျှောက်ထား မှတ်သားနာယူကြသော အခါ ထိုအိမ်သည် အသိဉာဏ်ပညာ ကြီးပွားစေသော
အကျင့်ကို ကျင့်သည်မည်ခြင်းတို့ဖြစ်ပါသည်၊၊
( အင်္ဂ္ဂုတ္တိုရ် ပဉ္စကနိပါတ် ကုလသုတ် )
ဆောင်၊၊ ၊၊ ရဟန်းသံဃာ အိမ်ကြွလာ၊ ငါးဖြာ လာဘ်ကောင်းမှန်၊ မြင့်မြတ် အမျိုး၊ နတ် တန်ခိုး၊
ပွါးတိုး ဥစ္စာ ဉာဏ်၊၊
သတ္တဝါမှန်သရွေ့ တရားတွေ့ချမ်းမြေ့သာယာရှိပါစေ.....!
No comments:
Post a Comment