အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Wednesday, 17 June 2015

''ဘာမှ မလုပ်ရင် ဘာမှ မရဘူး'' တဲ့။

''ဘာမှ မလုပ်ရင် ဘာမှ မရဘူး'' တဲ့။

မန္တလေး သာသနာ့တက္ကသိုလ် ဒုတိယနှစ် စာသင်သား ရဟန်းတော်များကို ပါဠိစာပေ ပို့ချရင်း
(သစေ ၀ါကျ = ပရိကပ္ပ၀ါကျ) တကယ်လို့ ....ဆိုရင်
အင်္ဂလိပ်မှာ If Pattern ပါ။ အဲဒီဝါကျ ရေးသားနည်းကို သင်ရင်း


သုဝီရသုတ်က သစေ နဲ့ ရေးထားတဲ့ ဂါထာလေးက ကောင်းလွန်းလို့
ပြောပြဖြစ်လိုက်တယ်။


သိကြားမင်းကြီးက
ဝီရိယမရှိတဲ့ သူ့သား သုဝီရကို
ငါ့သား
ဘာမှ မလုပ်ဘဲနဲ့တော့
ဘယ်သူပဲ ဖြစ်ဖြစ်
ဘယ်နေရာမှာပဲ ဖြစ်ဖြစ်
အသက်ရှင် ရပ်တည်လို့ မရဘူး။

တကယ်လို့ ရှိတယ်ဆိုရင်
အဲဒီနေရာဟာ...
နိဗ္ဗာန်ကို သွားရာလမ်းပဲ ဖြစ်မယ်။ (နိဗ္ဗာန်ကို ရကြောင်း)
သို့မဟုတ် နိဗ္ဗာန်ပဲ ဖြစ်မယ်။

ငါ့သား...သုဝီရ
မင်း အဲဒီနေရာကို ရောက်အောင် သွား။
ငါ့ကိုလည်း ရောက်အောင် ပို့ပေးဦး။ တဲ့

(အရဟတ္တဖိုလ် ရပြီး နိဗ္ဗာန်ရောက်နေသူ အဖို့က ဘာမှ အားထုတ်စရာ မလိုတာကို ပြောတာပါ။ )

''လောကမှာ ဘာမှ မလုပ်ဘဲနဲ့တော့
ဘာမှ မရနိုင်ဘူး'' ဆိုတာပဲ။

သစေ အတ္ထိ အကမ္မေန၊ ကောစိ ကွစိ န ဇီဝတိ။
နိဗ္ဗာနဿ ဟိ သော မဂ္ဂေါ၊ သုဝီရ တက္ထ ဂစ္ဆာဟိ။
မဉ္စ တတ္ထေ၀ ပါပယာ။ တဲ့

သုဝီရသုတ်၊ သံ၊၁၊ ၂၁၉။

ထန်းငယ်တော ဘ/က  ပဓာန နာယက ဆရာတော် ဦးခေမိန္ဒ

ထန်းငယ်တော ဘ/က  ပဓာန နာယက ဆရာတော် ဦးခေမိန္ဒ

No comments:

Post a Comment