၁။ ရှေးဦးစွာ သရဏံဂုံ ၃ပါးကို ဆောက်တည်ရ၏။
၂။ သရဏံဂုံတည်လျှင် ငါးပါးသီလကိုလည်း စောင့်ထိန်းရ၏။
၃။ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကိုလည်း ဆောင်ရ၏။
၎။ ဒါန သီလ ဘာဝနာ စသော ပုညကြိယဝတ္ထု ၁၀ပါး ကိုလည်း နားလည်ရ ပြုလည်းပြုကျင့်ရ၏။
၅။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ နတ် စသော ပရလောက အကြောင်းကိုလည်း နားလည်ရ၏။
၆။ သြကာသမှစ၍ ငါးပါး ရှစ်ပါးသီလများကို ခံယူတတ်ရ၏။
၇။ မေတ္တာ စသော ဗြဟ္မစိုရ်တရားကိုလည်း နားလည်ရ၏။
၈။ ရတနာ ၃ပါး အကြောင်းကို နည်းနည်းပါးပါးမှ စ၍ များနိုင်သမျှ များအောင် သိဖို့ရန်လည်း လေ့လာရ၏။
၉။ လူတို့၏ ကျင့်ဖွယ် အတော်များစွာ ပါသော မင်္ဂလသုတ် အဓိပ္ပါယ်ကိုလည်း အတော်အတန် နားလည်ရ၏။
၁၀။ ကံ - ကံ၏ အကျိုးကိုလည်း ထိုက်တန်သမျှ နားလည်ရ၏။
ဤမျှအထိ နားလည်လျှင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များအတွက် ပြည့်စုံလုံလောက်ပါပြီ၊ သို့သော်
စွမ်းနိုင်လျှင် သံသရာအကြောင်း ကောင်းကောင်း သိဖို့ရာ တစ်ဆင့်တက်၍
၁၁။ ရုပ် နာမ်တို့၏ အဖြစ်အပျက်ကိုလည်း နားလည်ရ၏။
၁၂။ သံသရာ ကျင်လည်ရပုံ (ပဋိစ္စသမုပ္ပါဒ်) နှင့် သံသရာမှ လွတ်မြောက်ပုံကိုလည်း နားလည်ရ၏။
၁၁။ ရုပ် နာမ်တို့၏ အဖြစ်အပျက်ကိုလည်း နားလည်ရ၏။
၁၂။ သံသရာ ကျင်လည်ရပုံ (ပဋိစ္စသမုပ္ပါဒ်) နှင့် သံသရာမှ လွတ်မြောက်ပုံကိုလည်း နားလည်ရ၏။
(တောင်မြို့ဆရာတော် )
No comments:
Post a Comment