ကံအကြောင်း သိကောင်းစရာလေးတွေ ။ ကံဆိုတာ ဘာလဲ၊ ဘာကို ကံလို့ ခေါ်လဲ ဆိုတာ ပထမဦးဆုံး ဆွေးနွေးမယ်။
ကံဆိုတာ
အမူအရာပါ။ ကိုယ်အမူအရာ ကာယကံ၊ နှုတ်အမူအရာ ၀စီကံ၊ စိတ်အမူအရာ မနောကံပေါ့။
ကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတာလဲ ခွဲထားလိုက်ဦး။ လောဘ၊ ဒေါသ၊ မောဟတွေ
မရောယှက် သဖြင့်အပြစ်လဲကင်း၊ကောင်းကျိုးလဲပေးခြင်း သဘောဆောင်တော့
ကုသိုလ်ကံ၊ လောဘ၊ ဒေါသ၊ မောဟတွေရောယှက် အပြစ်လဲမကင်း ဆိုးကျိုးလဲပေးခြင်း
သဘောဆောင်တော့ အကုသိုလ်ကံပါ့။
ဒါဆို
(၁) အပြစ်ကင်းတဲ့ ကိုယ်အမူအရာက ကောင်းတဲ့ ကာယကံ၊ အပြစ်မကင်းတဲ့ ကိုယ်အမူအရာက မကောင်းတဲ့ ကာယကံ။
(၂) အပြစ်ကင်းတဲ့ နှုတ်အမူအရာက ကောင်းတဲ့ ၀စီကံ၊ အပြစ်မကင်းတဲ့ နှုတ်အမူအရာက မကောင်းတဲ့ ၀စီကံ။
(၃) အပြစ်ကင်းတဲ့ စိတ်အမူအရာက ကောင်းတဲ့ မနောကံ၊ အပြစ်မကင်းတဲ့ စိတ်အမူအရာက မကောင်းတဲ့ မနောကံ။ ဒါဟာ ကံအယူအဆရဲ့ အခြေခံ သော့ချက်ပဲ။
No comments:
Post a Comment