အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Friday, 31 May 2019

သဗ္ဗညာဏ်တော် အစွမ်း ၃-ဖော်


၁။ သိရန်မှန်က ၊ မကျန်ရအောင် ၊ လုံးဝစုံလင် ၊ အကုန်မြင်၊ သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း

၂။ သိသည့်တရား ၊ များအပြား၌ ၊ ဟောထားစဖွယ် ၊ နည်းသွယ်သွယ်ကို ၊ ခြယ်လှယ်စုံလင် ၊ အကုန်မြင် ၊ သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ ၊ များဝေနေ၏ ၊ ဣနြေ္ဒ စရိုက် ၊ သူ့အကြိုက်ကို ၊  နှိုက်ချွတ် စုံလင် ၊  အကုန်မြင် ၊ သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။

၎။ ဉာဏ်တော်စွမ်းပကား ၊ ဤသုံးပါးကြောင့် ၊ အများ ဝေနေ ၊ ကျွတ်လွတ်စေဖို့ ၊ မနေမနား ၊ သက်တော် အားဖြင့် ၊ ကြီးမားလေဘိ ၊ ရှစ်ဆယ်ပြည့်၍ ၊ ပရိနိဗ္ဗာန် ၊ စံသည့်တိုင်အောင် ၊ သယ်ယူဆောင် ၊ ဘုန်းခေါင် ငါတို့ဘုရားတည်း။

                                                                              (မဟာဂန္ဓာရုံဆရာတော်)

No comments:

Post a Comment